အလွန်အေးတဲ့ ဆောင်းတွင်းဘက်မှာ မိဘမဲ့ကလေး ၆၅၀ ကျော် ဒုက္ခရောက်နေပါတယ် …. ကူညီပြီးမျှ ဝေပေးပါဦး

ကြားသိရသမျှ














naethitmyanmar

ယူနီကုဒ်ဖြင့် ဖတ်ရန်

ခုကာလက အလွန်အေးတဲ့ ဆောင်းတွင်းချိန်ခါကို ရောက်ရှိနေပါပြီ တချို့လူတွေက နွေးနွေးထွေးထွေးနဲ့ အိပ်စက်ခွင့်ရချိန်မှာ တချို့ကတော့ ချမ်းခိုက်တုန်ပြီး အိပ်မရဖြစ်နေကြတာပါ ဟုတ်ပါတယ်။

ခြုံစောင်တွေ အလှူရှင်မရှိလို့ မိဘမဲ့ကျောင်းက အယောက် ၆၅၀ ကျော်သောကလေးတွေ ပဲခူးရိုးမကဖြတ်တိုက်လာတဲ့ ဆောင်းလေအေးအောက်မှာ အရိုးခိုက်အောင်ချမ်းနေကြရရှာပါတယ်။

“နို့စို့အရွယ်ကနေ (၁၀)တန်းထိ (၆၅၀)ကျော်သောကလေးငယ်တွေအတွက် အနွေးထည်နှင့်ခြုံစောင်များ လိုအပ်နေလို့ကျေးဇူးပြုပြီး ရှယ် ပေးကြပါဦး။

အအေးဓာတ်ကလည်းတစ်ဖြေးဖြေးနဲ့ ပိုပိုလာတာနဲ့အမျှ၊အအေးဓာတ်က ပဲခူးရိုးမ တောင်ခြေဖြစ်တာနဲ့အညီ၊စောင်မလောက်အင်္ကျအနွေးထည်မပြည့်စုံနဲ့၊

နို့စို့အရွယ်မှစ(၁၀)တန်းထိ (၆၅၀)ကျော်သော သားတွေ သမီးတွေ ညညဆိုအရမ်းချမ်းမှာပဲလို့ တွေးရင်း တကယ်စိတ်မကောင်းဖြစ်မိတယ်။

ခုလည်း ပဲခူးရိုးမရဲ့ ဆောင်းအဝင်က အရိုးစိမ့်အောင်အေးတော့၊ နို့စို့အရွယ်တွေအတွက်၊ ခိုဝင်စရာမိဘရင်ခွင်ရယ်လို့ မရှိရှာလေတော့၊သူတို့လေးတွေကို နွေးထွေးမှုပေးနိုင်တာ

အအေးဒဏ်ကို၊ကားကွယ်နိုင်မှာက၊ အလှူရှင်တွေလှူမဲ့ အင်္ကျီအနွေးထည်နှင့်၊ခြုံစောင်တွေပြည့်စုံမှအအေးဒဏ်ကို ကာကွယ်ပြီး နွေးထွေးမှုရမှာပါ။

ဒါကြောင့် စုပေါင်း၍ဖြစ်စေ တစ်ဦးချင်းပဲဖြစ်စေမိမိတို့ နိုင်သလောက် သူတို့လေးတွေအတွက်ဖြည့်ဆည်းပေးကြပါဦးလို့၊မေတ္တာရပ်ခံရင်း။

ကိုယ်တိုင်လာရောက်၍ မလှူဒါန်းနိုင်လျှင်အရှင်ဇနာနန္ဒYGW – 09790555999၊ 09780000085၊ ၁၄/ဟသတ(သ)၀၀၄၈၉၅၊

ဘဏ်အကောင့်နံပ့ါတ် 13730199956165701 ကမ္ဘောဇဘဏ်သို့လည်း လှူဒါန်းနိုင်ပါကြောင်း ကမ္ဘာမြေလူသား ဒို့စွမ်းအားဖြင့် ငြိမ်းချမ်းပါစေသား။

အရှင်ဇနာနန္ဒYGW ရန်ကုန်မန္တလေး အမြန်လမ်းသစ်ဘေး ၈၉မိုင်၅ဖာလုံ YGW ပရဟိတမိဘမဲ့ကျောင်း ဖုန်း09790555999၊ 09780000085”

ပရိသတ်ကြီးတို့လည်း အရိုးခိုက်အောင်အေးနေရှာမဲ့ကလေးလေးတွေကို ကူညီလှူဒါန်းချင်တယ်ဆိုရင် အထက်ပါဖုန်းနံပါတ်တွေကို

ဆက်သွယ်လှူဒါန်းလိုက်ပါနော် ကိုယ်တိုင်မလှူနိုင်ပေမဲ့တတ်နိုင်သူတွေလှူရအောင်လည်း ဒီစာလေးကို ပြန် ရှယ် ပေးပါအုံးနော်။