ပုဂံေဒသေနာက္ခံ ညစ္ညမ္း႐ုပ္သံရိုက္ကူးမွု မီဒီယာမ်ားဖြပါက မိမိနိုင္ငံသာ သိကၡာက်မည္ဟုဆို

ရန္ကုန္၊ေဖေဖာ္ဝါရီ၊၁၃

ပုဂံေရွးေဟာင္းနယ္ေျမအတြင္းရွိ ေဒသတစ္ခုတြင္ နိုင္ငံျခားသားခရီးသြားအမ်ိဳးသား/အမ်ိဳးသမီးႏွစ္ဦးက ညစ္ညမ္း႐ုပ္သံရိုက္ကူးခဲ့ၿပီး လူမွုကြန္ယက္တြင္ျဖန္႔ေဝခဲ့ရာ ေဝဖန္မွုျမင့္တက္ေနၿပီး

ယင္းကိစၥျဖစ္စဥ္မွာ လတ္တေလာတြင္ ျဖစ္ပြားခဲ့ျခင္းမဟုတ္တာေၾကာင့္ အေရးယူရန္ခက္ခဲေနၿပီး အဆိုပါျဖစ္စဥ္ကို မီဒီယာမ်ားဖြပါက ကိုယ့္နိုင္ငံသာသိကၡာက်မည္ဟု

ပုဂံေရွးေဟာင္းယဥ္ေက်းမွုနယ္ေျမမွ ညႊန္ၾကားေရးမွူး ဦးေအာင္ေအာင္ေက်ာ္က The Speaker သို့ေျပာသည္။

လူမွုကြန္ယက္တြင္ ၆ မိနစ္ႏွင့္ ၁၄စကၠန္႔စာအဆိုပါ ဗီဒီယိုျပန္႔ႏွံ့ေနၿပီး ျမန္မာယဥ္ေက်းမွုအတြက္ အဓိကထားေသာ ပုဂံကဲ့သို့ေနရာမ်ိဳးတြင္ ယခုလိုျဖစ္ပြားခဲ့ျခင္းအေပၚ

တာဝန္ရွိသူမ်ား၏တာဝန္ယူမွုကို ျပည္သူမ်ားက ေဝဖန္လ်က္ရွိၿပီး ပုဂံေဒသတြင္ နိုင္ငံျခားသားမ်ား၏ မၾကာခဏ စည္ကမ္းမဲ့ေနထိုင္မွုမ်ားကို ေဝဖန္လ်က္ရွိသည္။

ယခုျဖစ္စဥ္ႏွင့္ပတ္သတ္၍ ဦးေအာင္ေအာင္ေက်ာ္ကို ဆက္သြယ္ေမးျမန္းရာ”ကၽြန္ေတာ္တို့ဘယ္လိုအေရးယူရမလဲ ဒါကိုသိရင္ နာမည္ကဘယ္သူ ဘယ္နိုင္ငံကလဲ ဘယ္မွာတည္းေနတယ္ဆိုတာ သိရင္အေရးယူလို့ရတယ္

ဒါကအခုျဖစ္တာလား လြန္ခဲ့တဲ့တစ္လ ႏွစ္လက ျဖစ္ေနတာလား ဘယ္လိုအေရးယူလို့ရမလဲ အလြယ္တကူအေရးယူလို့မရတဲ့အျပင္ ဂ်ာနယ္ေတြကလိုက္ဖြေနရင္ နိုင္ငံကိုပိုၿပီး သိကၡာက်ေစတယ္

ခင္ဗ်ားတို့ကေတာ့ ဂ်ာနယ္ေရာင္းရေအာင္ လုပ္မွာေပါ့ေလ ခင္ဗ်ားတို့လုပ္တာက ကိုယ္နိုင္ငံကိုယ္ေပါင္ကိုယ္လွန္ေထာင္းေနသလို ကိုယ္နိုင္ငံပဲသိကၡာက်ပါလိမ့္မယ္”ဟု ျပန္လည္ေျဖၾကားခဲ့သည္။

ထူးျမတ္

The Speaker

ပုဂံဒေသနောက်ခံ ညစ်ညမ်းရုပ်သံရိုက်ကူးမှု မီဒီယာများဖွပါက မိမိနိုင်ငံသာ သိက္ခာကျမည်ဟုဆို

ရန်ကုန်၊ဖေဖော်ဝါရီ၊၁၃

ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ဒေသတစ်ခုတွင် နိုင်ငံခြားသားခရီးသွားအမျိုးသား/အမျိုးသမီးနှစ်ဦးက ညစ်ညမ်းရုပ်သံရိုက်ကူးခဲ့ပြီး လူမှုကွန်ယက်တွင်ဖြန့်ဝေခဲ့ရာ ဝေဖန်မှုမြင့်တက်နေပြီး

ယင်းကိစ္စဖြစ်စဉ်မှာ လတ်တလောတွင် ဖြစ်ပွားခဲ့ခြင်းမဟုတ်တာကြောင့် အရေးယူရန်ခက်ခဲနေပြီး အဆိုပါဖြစ်စဉ်ကို မီဒီယာများဖွပါက ကိုယ့်နိုင်ငံသာသိက္ခာကျမည်ဟု

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က The Speaker သို့ပြောသည်။

လူမှုကွန်ယက်တွင် ၆ မိနစ်နှင့် ၁၄စက္ကန့်စာအဆိုပါ ဗီဒီယိုပြန့်နှံ့နေပြီး မြန်မာယဉ်ကျေးမှုအတွက် အဓိကထားသော ပုဂံကဲ့သို့နေရာမျိုးတွင် ယခုလိုဖြစ်ပွားခဲ့ခြင်းအပေါ်

တာဝန်ရှိသူများ၏တာဝန်ယူမှုကို ပြည်သူများက ဝေဖန်လျက်ရှိပြီး ပုဂံဒေသတွင် နိုင်ငံခြားသားများ၏ မကြာခဏ စည်ကမ်းမဲ့နေထိုင်မှုများကို ဝေဖန်လျက်ရှိသည်။

ယခုဖြစ်စဉ်နှင့်ပတ်သတ်၍ ဦးအောင်အောင်ကျော်ကို ဆက်သွယ်မေးမြန်းရာ”ကျွန်တော်တို့ဘယ်လိုအရေးယူရမလဲ ဒါကိုသိရင် နာမည်ကဘယ်သူ ဘယ်နိုင်ငံကလဲ ဘယ်မှာတည်းနေတယ်ဆိုတာ သိရင်အရေးယူလို့ရတယ်

ဒါကအခုဖြစ်တာလား လွန်ခဲ့တဲ့တစ်လ နှစ်လက ဖြစ်နေတာလား ဘယ်လိုအရေးယူလို့ရမလဲ အလွယ်တကူအရေးယူလို့မရတဲ့အပြင် ဂျာနယ်တွေကလိုက်ဖွနေရင် နိုင်ငံကိုပိုပြီး သိက္ခာကျစေတယ်

ခင်ဗျားတို့ကတော့ ဂျာနယ်ရောင်းရအောင် လုပ်မှာပေါ့လေ ခင်ဗျားတို့လုပ်တာက ကိုယ်နိုင်ငံကိုယ်ပေါင်ကိုယ်လှန်ထောင်းနေသလို ကိုယ်နိုင်ငံပဲသိက္ခာကျပါလိမ့်မယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထူးမြတ်

The Speaker