ကြမ္းစားျခင္းက ျမန္မာ့ ယဥ္ေက်းမႈ နယ္ပယ္မွာ ဓေလ့ထံုးတမ္း တစ္ခု အေနနဲ႔ ေရွးယခင္ ကတည္းက ေနရာယူလ်က္ ရွိပါတယ္။

ျမန္မာႏိုင္ငံ သာမက အျခားေသာ အာရွတိုက္ တစ္ခြင္ မွာလည္း ကြမ္းစားျခင္း ဓေလ့ ထြန္းကားေန ပါတယ္။

ဒါေပမဲ့ သည္ဓေလ့ဟာ က်န္းမာေရးကို မည္သို႔ မည္ပံု ဆိုးရြားစြာ ထိခိုက္ေစႏိုင္ သလဲ ဆိုတာ လူအနည္းစုသာ နားလည္ထားၾက ပါတယ္။

အမွန္တကယ္ေတာ့ ကြမ္းစားျခင္းက လူကို အလြန္ အႏၲရာယ္မ်ား ေစတယ္လို႔ အတည္ျပဳၿပီး ျဖစ္ပါတယ္။

ဆိုးက်ဳိးမ်ား၊

ကြမ္းကို ခဏတာ၀ါးရင္ ေဘးကင္းမကင္း အေသအခ်ာ မသိရေသးေပမယ့္ ေရရွည္စြဲ စားရင္ လံုး၀ ေဘးမကင္း ႏိုင္ေၾကာင္း ေဆးပညာက သက္ေသျပၿပီး ျဖစ္ပါတယ္။

ကြမ္းထဲမွာ ပါ၀င္တဲ႔ အခ်ဳိ႕ ဓာတု ပစၥည္း ေတြက ကင္ဆာကို ျဖစ္ပြားေစႏိုင္ ပါတယ္။ အျခား ပစၥည္းမ်ားက အဆိပ္အေတာက္ေတာင္ ရွိပါတယ္။

ကြမ္း (၈) ဂရမ္ကေန (၃၀) ဂရမ္အတြင္း စားသံုးလွ်င္ အသက္ အႏၲရာယ္ ကုိေတာင္ ထိခိုက္ေစႏိုင္ ပါတယ္။

ကြမ္းစားရင္ ခံတြင္းထဲမွာ ဒဏ္ရာ ဒဏ္ခ်က္ေတြ ျဖစ္ေစႏိုင္ ပါတယ္။ ပါးစပ္ႏွင့္ လည္မ်ဳိမွာ အနီကြက္ေတြ၊ အျဖဴကြက္ေတြ ျဖစ္ႏိုင္ပါတယ္။

ခံတြင္း ကင္ဆာ၊ လည္မ်ဳိ ကင္ဆာ၊ အစာအိမ္ ကင္ဆာမ်ား ျဖစ္ေစႏိုင္ ပါတယ္။

သြားဖံုးႏွင့္ သြား ပ်က္စီးမႈ၊ သြားမ်ားမည္းညစ္ ေစျခင္း၊ သြားမ်ား ယိုယြင္းေႂကြက်ျခင္းတို႔ ျဖစ္ေစ ႏိုင္ပါတယ္။

ကြမ္းႏွင့္ ေဆးရြက္ႀကီးသည္ ျဖတ္ရ အခက္ဆံုး ေဆးစြဲမႈ ျဖစ္ေသာ နီကိုတင္းစြဲေစႏိုင္ ပါတယ္။

ကိုယ္၀န္ေဆာင္ေတြႏွင့္ ႏို႔တိုက္မိခင္ေတြ ကြမ္းစားျခင္းကို လံုး၀ေရွာင္သင့္ပါတယ္။ ကြမ္းမွာပါ၀င္တဲ့ အႏၲရာယ္ရွိတဲ့ ဓာတ္ပစၥည္းေတြဟာ မိခင္ႏို႔ကေန တစ္ဆင့္ ကေလးငယ္ဆီကို ေရာက္ရွိသြားေစႏိုင္ပါတယ္။

ကြမ္းသည္ ပန္းနာရင္က်ပ္ ေရာဂါကို ပိုဆိုးေစပါတယ္။

ဒါ့အျပင္ ဆီးလမ္းေၾကာင္း တြင္းစစ္ထုတ္မႈမ်ား မ်ားျပားေစတာေၾကာင့္ ဆီးလမ္းေၾကာင္း ပိတ္မႈကို ပိုဆုိးေစႏိုင္ပါတယ္။

ကြမ္းစားျခင္းေၾကာင္႔ ႏွလံုးခုန္မူ မမွန္မႈ ႀကံဳေတြ႕ ခံစားရ ပါတယ္။

ေသြးေပါင္က်ျခင္း၊ ေသြးေပါင္တက္ျခင္းႏွင့္ ႏွလံုးေရာဂါလည္း ျဖစ္ႏိုင္ေျခ ျမင့္တက္ေစ ပါတယ္။

ကြမ္းသည္ အစာအိမ္ႏွင့္ အူမ်ားမွ အရည္ထုတ္မႈကို တိုးျမႇင့္ ေသာေၾကာင့္ အစာအိမ္နာ၊ အူနာရွိ သူမ်ား အေနျဖင့္ ပို၍ အႏၲရာယ္ရွိ ပါတယ္။

Credit:Messenger

naethitmyanmar

ကွမ်းစားခြင်းက မြန်မာ့ ယဉ်ကျေးမှု နယ်ပယ်မှာ ဓလေ့ထုံးတမ်း တစ်ခု အနေနဲ့ ရှေးယခင် ကတည်းက နေရာယူလျက် ရှိပါတယ်။

မြန်မာနိုင်ငံ သာမက အခြားသော အာရှတိုက် တစ်ခွင် မှာလည်း ကွမ်းစားခြင်း ဓလေ့ ထွန်းကားနေ ပါတယ်။

ဒါပေမဲ့ သည်ဓလေ့ဟာ ကျန်းမာရေးကို မည်သို့ မည်ပုံ ဆိုးရွားစွာ ထိခိုက်စေနိုင် သလဲ ဆိုတာ လူအနည်းစုသာ နားလည်ထားကြ ပါတယ်။

အမှန်တကယ်တော့ ကွမ်းစားခြင်းက လူကို အလွန် အန္တရာယ်များ စေတယ်လို့ အတည်ပြုပြီး ဖြစ်ပါတယ်။

ဆိုးကျိုးများ၊

ကွမ်းကို ခဏတာဝါးရင် ဘေးကင်းမကင်း အသေအချာ မသိရသေးပေမယ့် ရေရှည်စွဲ စားရင် လုံး၀ ဘေးမကင်း နိုင်ကြောင်း ဆေးပညာက သက်သေပြပြီး ဖြစ်ပါတယ်။

ကွမ်းထဲမှာ ပါဝင်တဲ့ အချို့ ဓာတု ပစ္စည်း တွေက ကင်ဆာကို ဖြစ်ပွားစေနိုင် ပါတယ်။ အခြား ပစ္စည်းများက အဆိပ်အတောက်တောင် ရှိပါတယ်။

ကွမ်း (၈) ဂရမ်ကနေ (၃၀) ဂရမ်အတွင်း စားသုံးလျှင် အသက် အန္တရာယ် ကိုတောင် ထိခိုက်စေနိုင် ပါတယ်။

ကွမ်းစားရင် ခံတွင်းထဲမှာ ဒဏ်ရာ ဒဏ်ချက်တွေ ဖြစ်စေနိုင် ပါတယ်။ ပါးစပ်နှင့် လည်မျိုမှာ အနီကွက်တွေ၊ အဖြူကွက်တွေ ဖြစ်နိုင်ပါတယ်။

ခံတွင်း ကင်ဆာ၊ လည်မျို ကင်ဆာ၊ အစာအိမ် ကင်ဆာများ ဖြစ်စေနိုင် ပါတယ်။

သွားဖုံးနှင့် သွား ပျက်စီးမှု၊ သွားများမည်းညစ် စေခြင်း၊ သွားများ ယိုယွင်းကြွေကျခြင်းတို့ ဖြစ်စေ နိုင်ပါတယ်။

ကွမ်းနှင့် ဆေးရွက်ကြီးသည် ဖြတ်ရ အခက်ဆုံး ဆေးစွဲမှု ဖြစ်သော နီကိုတင်းစွဲစေနိုင် ပါတယ်။

ကိုယ်ဝန်ဆောင်တွေနှင့် နို့တိုက်မိခင်တွေ ကွမ်းစားခြင်းကို လုံးဝရှောင်သင့်ပါတယ်။ ကွမ်းမှာပါဝင်တဲ့ အန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်းတွေဟာ မိခင်နို့ကနေ တစ်ဆင့် ကလေးငယ်ဆီကို ရောက်ရှိသွားစေနိုင်ပါတယ်။

ကွမ်းသည် ပန်းနာရင်ကျပ် ရောဂါကို ပိုဆိုးစေပါတယ်။

ဒါ့အပြင် ဆီးလမ်းကြောင်း တွင်းစစ်ထုတ်မှုများ များပြားစေတာကြောင့် ဆီးလမ်းကြောင်း ပိတ်မှုကို ပိုဆိုးစေနိုင်ပါတယ်။

ကွမ်းစားခြင်းကြောင့် နှလုံးခုန်မူ မမှန်မှု ကြုံတွေ့ ခံစားရ ပါတယ်။

သွေးပေါင်ကျခြင်း၊ သွေးပေါင်တက်ခြင်းနှင့် နှလုံးရောဂါလည်း ဖြစ်နိုင်ခြေ မြင့်တက်စေ ပါတယ်။

ကွမ်းသည် အစာအိမ်နှင့် အူများမှ အရည်ထုတ်မှုကို တိုးမြှင့် သောကြောင့် အစာအိမ်နာ၊ အူနာရှိ သူများ အနေဖြင့် ပို၍ အန္တရာယ်ရှိ ပါတယ်။

Credit:Messenger

naethitmyanmar