ကျွန်မဆိုတာ အရာအားလုံး ဆုံးရူံးခဲ့မယ် ဆိုရင်တောင်မှ ဘယ်သောအခါမှ အပြုံးမပျက်မယ့် မိန်းမမျိုးပါ

Lifestyle

အ​ကြောကခပ်​တင်းတင်းပဲ

ကျွန်​မ..!


တခြားသူတွေလို ယောက်ျားတစ်​​ယောက်​ဆီက ပေးနိုးနိုး​စောင့်​​နေစရာမလိုဘူး။



ကျွန်​မ…!






ကျွန်​မ…!





ဘာ​ကြောင့်​ဆို….?


Nan Khin May Win

naethitmyanmar

အကြောကခပ်တင်းတင်းပဲ

ကျွန်မ..!

တခြားသူတွေလို မိဘဆီကလက်ဖြန့်တောင်းစရာမလိုဘူး။

တခြားသူတွေလို ယောကျ်ားတစ်ယောက်ဆီက ပေးနိုးနိုးစောင့်နေစရာမလိုဘူး။

တခြားသူတွေလို ရည်းစားဆီကကပ်ချွဲယူစရာလည်းမလိုဘူး။

ကိုယ်တိုင်ငွေရှာနိုင်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်လို့ အကြောကတော့ခပ်တင်းတင်းပဲ။

ကျွန်မ…!

ချိုးနှိမ်တိုက်ခိုက်မူတွေအခါခါကြုံခဲ့ပေမယ့် ဘယ်တော့မှမျက်ရည်မကျစေရဘူး။

မျက်ရည်ဆိုတာ ကိုယ့်ဘဝတိုးတက်မူတွေရဲ့ အနှောင့်အယှက်တွေ…

မျက်ရည်ဆိုတာ ကိုယ့်ဘဝရည်မှန်းချက်တွေရဲ့ ဆူးငြောင့်ခလုတ်တွေ…

မျက်ရည်ဆိုတာ ကိုယ့်ဘဝအောင်မြင်မူတွေရဲ့ အဆီးအတားတွေမို့….

ဘယ်လောက်ပဲ နာကျင်ကြေကွဲခြင်းတွေရှိရှိ အံကြိတ်မြိုသိမ့်ရင်းနဲ့ အကြောကတော့ ခပ်တင်းတင်းပဲ။

ကျွန်မ…!

ကိုယ့်ရဲ့ထက်မြတ်မူတွေကြောင့် ဘဝင်မြင့်တာမဟုတ်သလို

ကိုယ့်ရဲ့အရည်အချင်းတွေကြောင့်လည်း ဘဝမေ့နေတာမဟုတ်ပါဘူး။

နောက်ဆုံး အရာအားလုံး ဆုံးရူံးခဲ့မယ်ဆိုရင်တောင်မှ

ဘယ်သောအခါမှ အပြုံးမပျက်မယ့်မိန်းမမျိုးပါ။

ဘာကြောင့်ဆို….?

ကျွန်မဆိုတာ အကြောကခပ်တင်းတင်းလေ။

Nan Khin May Win

naethitmyanmar