ကိုယ္လား … အားနာတတ္ပါတယ္ …… အရင္လိုလူတိုင္းကိုေတာ့ မကူညီရဲေတာ့ဘူး

Lifestyle

စာနာတတ္ပါတယ္ ……အရင္လိုေတာ့ သေဘာမေကာင္းရဲေတာ့ဘူး ။

ကိုယ္ေပးတဲ့ ေစတနာေတြနဲ႔ပဲ …… ျပန္ေစာ္ကားသြားၾကတယ္ေလ ။

သနားတတ္ပါတယ္ …… အရင္လိုေတာ့ မလိုက္ေလ်ာရဲေတာ့ဘူး ။

ကိုယ္ေပးတဲ့ေမတၱာေတြကို အဆိိပ္ခတ္သြာၾကတယ္ေလ ။

ကိုယ္ခ်င္းစာတတ္ပါတယ္ …… အရင္လို ေနရာတကာ မလိုက္ေလ်ာရဲေတာ့ဘူး …။

ကိုယ္ရဲ႕သနားစိတ္နဲ ့ကိုယ့္စိတ္ကို သတ္သြားၾကတယ္ေလ ။

အားနာတတ္ပါတယ္ …… အရင္လိုလူတိုင္းကို မကူညီရဲေတာ့ဘူး …။

ကိုယ့္ရဲ့ အကူညီနဲ႔ပဲ ဒုကၡေတြ ခ်န္ထားသြားၾကတယ္ေလ ။

ဟန္မေဆာင္တတ္တဲ့စိတ္ …… မာယာ မသံုးတတ္တဲ့စိတ္ ……

သနားတတ္တဲ့စိတ္ အဲ့ဒီအရာေတြကပဲ …… အျမဲတမ္း အရႈံးဖက္က ေနခဲ့ရတယ္ ။

အခုေတာ့ ေနတတ္ပါျပီ …… ကမၻာေပၚမွာ သနားစရာအေကာင္းဆံုးလူဟာ

ငါပါလားလို ့ကိုယ့္ကိုကိုယ္ သနားလာတတ္ျပီးတဲ့ေနာက္

ရႈံးနိမ့္ျခင္းေတြကို မလိုလားေတာ့သလို … မ်က္ရည္ေတြလည္း မစေတးခ်င္ေတာ့ဘူး ။

လူတိုင္းအေပၚ ေစတနာထားလို ့ …… မရနိုင္ဘူးဆိုတာလည္း သိခဲ့ရျပီးျပီ။

ယံုၾကည္မႈဆိုတာလည္း လူတိုင္းနဲ ့မထိုက္တန္တာမို ့…… လိုအပ္သူေတြကိုသာ ေပးေဝလိုက္ျပီး။

အရင္လို ပူေလာင္မႈေတြ မရွိတဲ့ ကိုယ္ပိုင္တဲ့ေနရာေလးထဲ … တိတ္တဆိတ္ပဲ ေနထိုင္လိုက္ပါတယ္ ။

May Shinn

Credit-သမီးေလး

စာနာတတ်ပါတယ် ……အရင်လိုတော့ သဘောမကောင်းရဲတော့ဘူး ။

ကိုယ်ပေးတဲ့ စေတနာတွေနဲ့ပဲ …… ပြန်စော်ကားသွားကြတယ်လေ ။

သနားတတ်ပါတယ် …… အရင်လိုတော့ မလိုက်လျောရဲတော့ဘူး ။

ကိုယ်ပေးတဲ့မေတ္တာတွေကို အဆိပ်ခတ်သွာကြတယ်လေ ။

ကိုယ်ချင်းစာတတ်ပါတယ် …… အရင်လို နေရာတကာ မလိုက်လျောရဲတော့ဘူး …။

ကိုယ်ရဲ့သနားစိတ်နဲ့ကိုယ့်စိတ်ကို သတ်သွားကြတယ်လေ ။

အားနာတတ်ပါတယ် …… အရင်လိုလူတိုင်းကို မကူညီရဲတော့ဘူး …။

ကိုယ့်ရဲ့ အကူညီနဲ့ပဲ ဒုက္ခတွေ ချန်ထားသွားကြတယ်လေ ။

ဟန်မဆောင်တတ်တဲ့စိတ် …… မာယာ မသုံးတတ်တဲ့စိတ် ……

သနားတတ်တဲ့စိတ် အဲ့ဒီအရာတွေကပဲ …… အမြဲတမ်း အရှုံးဖက်က နေခဲ့ရတယ် ။

အခုတော့ နေတတ်ပါပြီ …… ကမ္ဘာပေါ်မှာ သနားစရာအကောင်းဆုံးလူဟာ

ငါပါလားလို့ကိုယ့်ကိုကိုယ် သနားလာတတ်ပြီးတဲ့နောက်

ရှုံးနိမ့်ခြင်းတွေကို မလိုလားတော့သလို … မျက်ရည်တွေလည်း မစတေးချင်တော့ဘူး ။

လူတိုင်းအပေါ် စေတနာထားလို့ …… မရနိုင်ဘူးဆိုတာလည်း သိခဲ့ရပြီးပြီ။

ယုံကြည်မှုဆိုတာလည်း လူတိုင်းနဲ့မထိုက်တန်တာမို့…… လိုအပ်သူတွေကိုသာ ပေးဝေလိုက်ပြီး။

အရင်လို ပူလောင်မှုတွေ မရှိတဲ့ ကိုယ်ပိုင်တဲ့နေရာလေးထဲ … တိတ်တဆိတ်ပဲ နေထိုင်လိုက်ပါတယ် ။

May Shinn

Credit-သမီးလေး