ၾကာျမင့္စြာ ခါးနာေရာဂါ ခံစားေနရသူ ေငြပန္းဥနဲ႔ေတြ႔မွ အၿပီးၿပတ္ ေပ်ာက္ကင္းခ့ဲ

Health

ေငြပန္းဥရဲ႕ေဆးအစြမ္းနဲ႔( ၉ )နွစ္တာကာလခါးနာ ေရာဂါခံစားေနရသူ-ခ်င္းမနွင္႔-ကြ်နွ္ပ္၏အေတြ႔အျကံဳလြန္ခဲ႔တဲ႔နွစ္ ၂၃ နွစ္ေလာက္ေပါ႔ ကြ်န္ေတာ္ကဦးဇင္းဘဝေပါ႔ဗ်ာ

ျဖစ္စဥ္ကဒီလိုဗ်ဘုရားေရႊစက္ေတာ္အေနာက္ဖက္ ဟိုးးးးအေနာက္ဖက္ငဖဲျမိဳ့ဆိုတာရွိပါတယ္ ။ငဖဲျမိဳ႔ရဲ႕ေျမာက္ဖက္မွာပါရမီေတာင္ဆိုတာရွိပါတယ္

အဲ႔ေတာင္မွာေနထိုင္ဖို႔ငဖဲမဝတကကြ်န္ေတာ္ကိုပင္႔တယ္ဗ်အဲ႔ဒါနဲ႔ကြ်န္ေတာ္လဲအဲ႔ေတာင္မွာေနျဖစ္သြားပါတယ္။အဲ႔ေတာင္မွာေနရင္းမက်န္းမာသူေတြ လူနာေတြကို ၅နွစ္တိတိေဆးကု႔ျပီးကယ္ခဲ႔ပါတယ္

ဒါနဲ႔ပဲဗ်ာတေန႔က်ေတာ႔ငဖဲျမိဳ႕ရဲ႕ေျမာက္ဖက္မွာေပကုန္းရြာဆိုတာရွိတယ္ဗ် အဲ႔ေပကုန္းရြာက ခ်င္းမက တေန႔ေရာက္လာပါေရာဗ်ာ ႏြားလွည္းျကီးနဲ႔ေပါ႔ဗ်ာ ဒါနဲ႔ပဲေတာင္ေပၚကိုေရာက္ေတာ႔ လူနာကလဲမ်ားေနတယ္ ။

တေန႔ကိုလူေပါင္း၆၀ ေလာက္အနည္းဆံုးကု႔ေပးေနရတယ္ဗ် သူလဲတုန္ကင္ယူျပီးေစာင္႔ေပါ႔ေဟာသူအလွည္႔လဲေရာက္လာေရာလာပါေလေရာဗ်ာ ခါးျကီးကကုန္းလို႔ေတာင္ေဝွးျကီးနဲ႔ဗ်

အဲ႔တာနဲ႔ကဲဒကာမျကီး ဘာျဖစ္တာလဲဆိုေတာ႔အရွင္ဘုရားတဲ႔တပည္႔ေတာ္မခါးကနာေနလို႔ကု႔မလို႔ပါဘုရားတဲ႔ ေအာ္ ဘယ္ေလာက္ျကာျပီလဲဒကာမျကီးဆိုေတာ႔၉ နွစ္ရွိပါျပီဘုရားတဲ႔

သူကဘာေျပာေသးတယ္မွတ္လဲတပည္႔ေတာ္မရဲ႕ခါးကဘယ္ေပ်ာက္မလဲဘုရားတဲ႔ဘာလို႔မေပ်ာက္တာလဲဒကာမျကီးဆိုေတာ႔ တပည္႔ေတာ္မကိုလူျပဳ႕စားထားတာပါဘုရားတဲ

႔ဗုေဒၶါဒကာမျကီးကဘယ္လိုသိလဲဆိုေတာ႔အမေလးဘုရားတဲ႔ဘယ္မွာေဗဒင္ပဲတြက္တြက္အဲ႔တာပဲေပၚပါတယ္ဘုရား ဟူးးးးး။

ခက္ေရာေပါ႔ ဒါနဲ႔ပဲက်ဳပ္ကလဲဘယ္ရမလဲ ကဲတာဆိုလာေျခဆင္းစမ္းဆိုျပီး ပေယာဂစစ္တာေပါ႔ဗ်ာ ပေယာဂကေတာ႔မသိဘူး က်ဳပ္ကေတာ႔ ဖတ္ဖတ္ကိုေမာေရာ ဘာပေယာဂမွမေတြ႔ရ

ကဲတာနဲ႔ပဲက်ဳပ္က ဒကာမျကီး ခင္ဗ်ာမွာဘာေကာင္ မွေနွာက္ယွက္ထားတာမရွိဘူးဆိုေတာ႔ ဘာေျပာတယ္မွတ္လဲခ်င္းမကေအာင္မေလးအရွင္ဘုရားက်ကာမွပဲျပဳ႕စားထားတာမရွိဘူးေျပာတယ္

ၾကိဳက္တဲ႔ဆရာကိုေမး ျပဳ႔စားတယ္ပဲေျပာတယ္ အသလြတ္ျကီးရန္ေတြ႔ပါေရာ႔လားက်ဳပ္ကို ။ ဒါနဲ႔ပဲ က်ဳပ္က ကဲကဲဒကာမျကီးေရာဂါသက္သာရင္ျပီး ေရာမဟုတ္ဖူးလားဆိုေတာ႔မွ

အင္းးးးးတဲ႔ခက္ေတာ႔အခက္သားကိုဗ် တာနဲ႔ပဲက်ဳပ္ကလဲ မေကြးေဆးရံုကလဲျပန္လာပါျပီဘုရား ဆရာေတြလဲစံုေနပါျပီဘုရားတဲ႔ငဖဲျမိဳ႕ထဲကဗမာဆရာဦးေအာင္ေဖနဲ႔လဲကု႔ျပီးျပီ

ေနာက္ဆံုးေတာ႔အနွိုပ္သယ္ကိုတည ၅၀၀ ေပးျပီးနွိပ္မွ ညအိပ္နိုင္တယ္ဘုရားအဲ႔လိုမနွိပ္တဲ႔ညကေတာ႔ တပည္႔ေတာ္ဟာ ငရဲခံရတာထက္ဆိုးပါတယ္ဘုရား ေကာင္းေအာင္ေတာ႔ကု႔ေပးပါတဲ႔ ။

ဒါနဲ႔ပဲဗ်ာ က်ဳပ္မွာရွိတဲ႔ေငြပန္းဥအမုန္႔ေလး နည္းနည္းေပးျပီး ကဲဒကာမျကီး ခု႔ည ဒီအမႈန္႔နဲ႔ျကက္သြန္ျဖဴေလးနဲ႔ ဟင္းခါးက်ိဳေသာက္ဗ်ာခုညအနွိပ္လြတ္တယ္မလြတ္ဖူးမနက္ျဖန္အေျကာင္းျပန္ဗ်ာ ဆိုျပီးျပန္ခိုင္းလိုက္တယ္ဗ်ာ ။

ဒါနဲ႔ပဲေဆး ခန္းပိတ္လို႔မိုးခ်ဳပ္ျပီး အိပ္ယာဝင္ေတာ႔ မအိပ္နိုင္ဘူးဗ် ဘာလို႔ဆိုသူေရာဂါကိုစဥ္းစားေနတာဗ် ။က်ဳပ္ကလဲ အဲ႔တုန္းကအသက္က ၂၀ ပဲရွိေသးတာဗ် ဘာေျကာင္႔ဒီလိုျဖစ္တာလဲ ဆရာေတြလဲစံုေနျပီမေပ်ာက္

စဥ္းစားတာအေျဖကမထြက္ မနက္ ၄ နာရီအုန္းေမာင္းတီးေလာက္မွသြားသတိကရတယ္ဗ် ။ေအာ္ ငါ႔အဘကေျပာဘူးတာပဲ တျခားဟုတ္ဖူး ေလမ်ိ ဳး ၈၀ ထဲက အရိုးနဲ႔ျခင္ဆီေသြးေျကာကိုသြားတဲ႔ေလ

အဲ႕ေလနာမည္က အဂၤမဂၤေလတဲ႔ဗ် အဲ႔ေလကနည္းေနေတာ႔ အရိုးနဲ႔ခါးအာရံုေျကာေတြကို မေရာက္ျဖစ္ေနတာ အဲ႔ေတာ႔ခါးက ေလမရဘူးေလမရေတာ႔ နာျပီေပါ႔။

၉ နွစ္ခံစမ္းပဲဗ်ာ ဆီးစစ္လိုက္ေတာ႔လဲ ဆီးက ျဖဴ တယ္ အျကိမ္ကနည္းတယ္ ဆီးကမ်ားတယ္ အဲ႔ေတာ႔ရွင္းေနတာပဲဗ်ာ ဆီးျဖဴ တာကသီတဆိုတဲ႔အေအးမ်ားေနတာဗ်

ဆီးအျကိမ္နည္းတာကေနာက္က ေလအားကမရွိလို႔ပဲဆီးတခါသြားရင္မ်ားေနတာကအာေပါဓါတ္လြန္လို႔ပဲဗ် ။ကဲစကားေကာင္းေနလိုက္တာ ဒါနဲ႔ပဲဗ်ာမိုးလင္းေတာ႔ ေရာက္လာပါေရာ။

ကဲဒကာမျကီး ညကအနွိပ္လြတ္လားဗ်ဆိုေတာ႔ ညကအနွိပ္လြတ္ပါတယ္ ဘုရားတဲ႔ ။ဟာက်ဳပ္ကလဲအပိုင္ဆိုျပီး ျကိမ္းေသျပီကြာအဂၤမဂၤေလအားနည္းေနတာဆိုျပီး

ကဲဒကာမျကီးခင္ဗ်ာေရာဂါေပ်ာက္ျပီဗ်ာဆိုေတာ႔ သူကအရွင္ဘုရားတဲ႔ တပည္႔ေတာ္မ ေပ်ာက္ရင္ ဘာလွဴရမလဲ ဘုရားတဲ႔ ။

အင္းက်ဳပ္ကဦးဇင္းဆိုေတာ႔ ဘာလိုမွာလဲဗ်ာ ဒီပါရမီေတာင္ကိုေဖါက္ျပီး ဂူတည္ျပီးအထဲမွာေလွ်ာင္းေတာ္မွဴ ဘုရားတည္ခ်င္တယ္ဆိုေတာ႔ စိတ္ခ်ဘုရားတဲ႔ဒါနဲ႔ပဲဒီေငြပန္းဥေဆးကိုေသာက္လာတာတပါတ္ျပည္႔ေတာ႔ ခါးဆန္႔သြားျပီဗ်ာ။

တခါဆက္ေသာက္တာ ၉ ရက္ေျမာက္ေတာ႔ ယာထဲဆင္းအလုပ္လုပ္ေနျပီတဲ႔။

ဗုေဒၶါကိုယ္ေတာင္လန္႔သြားတယ္အဲ႔တာနဲ႔ပဲ အဲ႔နားက သရက္ပင္ရြာ အိုးေျမတြင္းရြာ ခ်င္းစုရြာ ဒကာမျကီးနဲ႔ ေတာင္ကိုေဖါက္ျပီး ေလွ်ာင္ေတာ္မွဴ ဘုရားတည္ခဲ႔ပါတယ္ ။

ဒီေငြပန္းဥဟာအရိုးနဲ႔ျခင္ဆီကိုအားျဖစ္ေစတယ္အကိုက္ကိုေပ်ာက္ေစတယ္ နို႔ကိုထြက္ ေစတယ္ ၊ေသြးအားကိုျဖစ္ေစတယ္ ၊ခါးဒူး အရြတ္ေတြကိုအားျဖစ္ေစတယ္ ၊က်ီးေပါင္းကိုသက္သာေစတယ္ ၊

ေငြပန္းဥကို ျကက္သြန္ျဖဴ နဲ႔ ဟင္းခါးက်ိ ဳေသာက္ ငပိေရနဲ႔ တို႔စား ျမဳတ္စား အစာလဲေက်ပါ႔။အရသာက နည္းနည္းပူ ခ်ိ ဳ ဆိမ္႔ ၊နည္းနည္းစပ္ အားလံုးပဲဗဟုသုတရျကပါေစ။

Credit:Lyhealthycare

naethitmyanmar

ငွေပန်းဥရဲ့ဆေးအစွမ်းနဲ့( ၉ )နှစ်တာကာလခါးနာ ရောဂါခံစားနေရသူ-ချင်းမနှင့်-ကျွနှ်ပ်၏အတွေ့အကြုံလွန်ခဲ့တဲ့နှစ် ၂၃ နှစ်လောက်ပေါ့ ကျွန်တော်ကဦးဇင်းဘဝပေါ့ဗျာ

ဖြစ်စဉ်ကဒီလိုဗျဘုရားရွှေစက်တော်အနောက်ဖက် ဟိုးးးးအနောက်ဖက်ငဖဲမြို့ဆိုတာရှိပါတယ် ။ငဖဲမြို့ရဲ့မြောက်ဖက်မှာပါရမီတောင်ဆိုတာရှိပါတယ်

အဲ့တောင်မှာနေထိုင်ဖို့ငဖဲမဝတကကျွန်တော်ကိုပင့်တယ်ဗျအဲ့ဒါနဲ့ကျွန်တော်လဲအဲ့တောင်မှာနေဖြစ်သွားပါတယ်။အဲ့တောင်မှာနေရင်းမကျန်းမာသူတွေ လူနာတွေကို ၅နှစ်တိတိဆေးကု့ပြီးကယ်ခဲ့ပါတယ်

ဒါနဲ့ပဲဗျာတနေ့ကျတော့ငဖဲမြို့ရဲ့မြောက်ဖက်မှာပေကုန်းရွာဆိုတာရှိတယ်ဗျ အဲ့ပေကုန်းရွာက ချင်းမက တနေ့ရောက်လာပါရောဗျာ နွားလှည်းကြီးနဲ့ပေါ့ဗျာ ဒါနဲ့ပဲတောင်ပေါ်ကိုရောက်တော့ လူနာကလဲများနေတယ် ။

တနေ့ကိုလူပေါင်း၆၀ လောက်အနည်းဆုံးကု့ပေးနေရတယ်ဗျ သူလဲတုန်ကင်ယူပြီးစောင့်ပေါ့ဟောသူအလှည့်လဲရောက်လာရောလာပါလေရောဗျာ ခါးကြီးကကုန်းလို့တောင်ဝှေးကြီးနဲ့ဗျ

အဲ့တာနဲ့ကဲဒကာမကြီး ဘာဖြစ်တာလဲဆိုတော့အရှင်ဘုရားတဲ့တပည့်တော်မခါးကနာနေလို့ကု့မလို့ပါဘုရားတဲ့ အော် ဘယ်လောက်ကြာပြီလဲဒကာမကြီးဆိုတော့၉ နှစ်ရှိပါပြီဘုရားတဲ့

သူကဘာပြောသေးတယ်မှတ်လဲတပည့်တော်မရဲ့ခါးကဘယ်ပျောက်မလဲဘုရားတဲ့ဘာလို့မပျောက်တာလဲဒကာမကြီးဆိုတော့ တပည့်တော်မကိုလူပြု့စားထားတာပါဘုရားတဲ

့ဗုဒ္ဓေါဒကာမကြီးကဘယ်လိုသိလဲဆိုတော့အမလေးဘုရားတဲ့ဘယ်မှာဗေဒင်ပဲတွက်တွက်အဲ့တာပဲပေါ်ပါတယ်ဘုရား ဟူးးးးး။

ခက်ရောပေါ့ ဒါနဲ့ပဲကျုပ်ကလဲဘယ်ရမလဲ ကဲတာဆိုလာခြေဆင်းစမ်းဆိုပြီး ပယောဂစစ်တာပေါ့ဗျာ ပယောဂကတော့မသိဘူး ကျုပ်ကတော့ ဖတ်ဖတ်ကိုမောရော ဘာပယောဂမှမတွေ့ရ

ကဲတာနဲ့ပဲကျုပ်က ဒကာမကြီး ခင်ဗျာမှာဘာကောင် မှနှောက်ယှက်ထားတာမရှိဘူးဆိုတော့ ဘာပြောတယ်မှတ်လဲချင်းမကအောင်မလေးအရှင်ဘုရားကျကာမှပဲပြု့စားထားတာမရှိဘူးပြောတယ်

ကြိုက်တဲ့ဆရာကိုမေး ပြု့စားတယ်ပဲပြောတယ် အသလွတ်ကြီးရန်တွေ့ပါရော့လားကျုပ်ကို ။ ဒါနဲ့ပဲ ကျုပ်က ကဲကဲဒကာမကြီးရောဂါသက်သာရင်ပြီး ရောမဟုတ်ဖူးလားဆိုတော့မှ

အင်းးးးးတဲ့ခက်တော့အခက်သားကိုဗျ တာနဲ့ပဲကျုပ်ကလဲ မကွေးဆေးရုံကလဲပြန်လာပါပြီဘုရား ဆရာတွေလဲစုံနေပါပြီဘုရားတဲ့ငဖဲမြို့ထဲကဗမာဆရာဦးအောင်ဖေနဲ့လဲကု့ပြီးပြီ

နောက်ဆုံးတော့အနှိုပ်သယ်ကိုတည ၅၀၀ ပေးပြီးနှိပ်မှ ညအိပ်နိုင်တယ်ဘုရားအဲ့လိုမနှိပ်တဲ့ညကတော့ တပည့်တော်ဟာ ငရဲခံရတာထက်ဆိုးပါတယ်ဘုရား ကောင်းအောင်တော့ကု့ပေးပါတဲ့ ။

ဒါနဲ့ပဲဗျာ ကျုပ်မှာရှိတဲ့ငွေပန်းဥအမုန့်လေး နည်းနည်းပေးပြီး ကဲဒကာမကြီး ခု့ည ဒီအမှုန့်နဲ့ကြက်သွန်ဖြူလေးနဲ့ ဟင်းခါးကျိုသောက်ဗျာခုညအနှိပ်လွတ်တယ်မလွတ်ဖူးမနက်ဖြန်အကြောင်းပြန်ဗျာ ဆိုပြီးပြန်ခိုင်းလိုက်တယ်ဗျာ ။

ဒါနဲ့ပဲဆေး ခန်းပိတ်လို့မိုးချုပ်ပြီး အိပ်ယာဝင်တော့ မအိပ်နိုင်ဘူးဗျ ဘာလို့ဆိုသူရောဂါကိုစဉ်းစားနေတာဗျ ။ကျုပ်ကလဲ အဲ့တုန်းကအသက်က ၂၀ ပဲရှိသေးတာဗျ ဘာကြောင့်ဒီလိုဖြစ်တာလဲ ဆရာတွေလဲစုံနေပြီမပျောက်

စဉ်းစားတာအဖြေကမထွက် မနက် ၄ နာရီအုန်းမောင်းတီးလောက်မှသွားသတိကရတယ်ဗျ ။အော် ငါ့အဘကပြောဘူးတာပဲ တခြားဟုတ်ဖူး လေမျိ ုး ၈၀ ထဲက အရိုးနဲ့ခြင်ဆီသွေးကြောကိုသွားတဲ့လေ

အဲ့လေနာမည်က အင်္ဂမင်္ဂလေတဲ့ဗျ အဲ့လေကနည်းနေတော့ အရိုးနဲ့ခါးအာရုံကြောတွေကို မရောက်ဖြစ်နေတာ အဲ့တော့ခါးက လေမရဘူးလေမရတော့ နာပြီပေါ့။

၉ နှစ်ခံစမ်းပဲဗျာ ဆီးစစ်လိုက်တော့လဲ ဆီးက ဖြူ တယ် အကြိမ်ကနည်းတယ် ဆီးကများတယ် အဲ့တော့ရှင်းနေတာပဲဗျာ ဆီးဖြူ တာကသီတဆိုတဲ့အအေးများနေတာဗျ

ဆီးအကြိမ်နည်းတာကနောက်က လေအားကမရှိလို့ပဲဆီးတခါသွားရင်များနေတာကအာပေါဓါတ်လွန်လို့ပဲဗျ ။ကဲစကားကောင်းနေလိုက်တာ ဒါနဲ့ပဲဗျာမိုးလင်းတော့ ရောက်လာပါရော။

ကဲဒကာမကြီး ညကအနှိပ်လွတ်လားဗျဆိုတော့ ညကအနှိပ်လွတ်ပါတယ် ဘုရားတဲ့ ။ဟာကျုပ်ကလဲအပိုင်ဆိုပြီး ကြိမ်းသေပြီကွာအင်္ဂမင်္ဂလေအားနည်းနေတာဆိုပြီး

ကဲဒကာမကြီးခင်ဗျာရောဂါပျောက်ပြီဗျာဆိုတော့ သူကအရှင်ဘုရားတဲ့ တပည့်တော်မ ပျောက်ရင် ဘာလှူရမလဲ ဘုရားတဲ့ ။

အင်းကျုပ်ကဦးဇင်းဆိုတော့ ဘာလိုမှာလဲဗျာ ဒီပါရမီတောင်ကိုဖေါက်ပြီး ဂူတည်ပြီးအထဲမှာလျှောင်းတော်မှူ ဘုရားတည်ချင်တယ်ဆိုတော့ စိတ်ချဘုရားတဲ့ဒါနဲ့ပဲဒီငွေပန်းဥဆေးကိုသောက်လာတာတပါတ်ပြည့်တော့ ခါးဆန့်သွားပြီဗျာ။

တခါဆက်သောက်တာ ၉ ရက်မြောက်တော့ ယာထဲဆင်းအလုပ်လုပ်နေပြီတဲ့။

ဗုဒ္ဓေါကိုယ်တောင်လန့်သွားတယ်အဲ့တာနဲ့ပဲ အဲ့နားက သရက်ပင်ရွာ အိုးမြေတွင်းရွာ ချင်းစုရွာ ဒကာမကြီးနဲ့ တောင်ကိုဖေါက်ပြီး လျှောင်တော်မှူ ဘုရားတည်ခဲ့ပါတယ် ။

ဒီငွေပန်းဥဟာအရိုးနဲ့ခြင်ဆီကိုအားဖြစ်စေတယ်အကိုက်ကိုပျောက်စေတယ် နို့ကိုထွက် စေတယ် ၊သွေးအားကိုဖြစ်စေတယ် ၊ခါးဒူး အရွတ်တွေကိုအားဖြစ်စေတယ် ၊ကျီးပေါင်းကိုသက်သာစေတယ် ၊

ငွေပန်းဥကို ကြက်သွန်ဖြူ နဲ့ ဟင်းခါးကျိ ုသောက် ငပိရေနဲ့ တို့စား မြုတ်စား အစာလဲကျေပါ့။အရသာက နည်းနည်းပူ ချိ ု ဆိမ့် ၊နည်းနည်းစပ် အားလုံးပဲဗဟုသုတရကြပါစေ။

Credit:Lyhealthycare

naethitmyanmar