အားျခင္း မအားျခင္းဆိုတာ တစ္ခါတစ္ရံမွာ ကိုယ္ဟာသူ႔အတြက္ အေရးပါျခင္း မပါျခင္းနဲ႔ အမ်ားႀကီး သက္ဆိုင္တယ္

Lifestyle

လူတစ္ေယာက္ရဲ႕ အားျခင္းမအားျခင္းဆိုတာ တစ္ခါတစ္ရံမွာ

ကိုယ္ဟာသူ႔အတြက္ အေရးပါျခင္းမပါျခင္းနဲ႔ အမ်ားႀကီးသက္ဆိုင္ပါတယ္

ဘယ္ေလာက္ ေဝးတဲ့ အရပ္မွာပဲ ေနေန ဒါမွမဟုတ္

ဘယ္ေလာက္ ခက္ခဲေနပါေစ . . .

ကိုယ့္ကိုယ္သာ တမ္းတမ္းတတ သတိရရင္ မရမက ဆက္သြယ္လာမွာပဲ

ေနႏိုင္တဲ့သူအတြက္ေတာ့ အနီးအနားမွာရွိလဲ ​လာဖို႔ခက္ခဲတယ္

မလာခ်င္တဲ့လူတစ္ေယာက္အတြက္ မလာႏိုင္တဲ့ အေၾကာင္းျပခ်က္ေတြ ရာနဲ႔ခ်ီရွိေနႏိုင္ပါတယ္

တမ္းတမ္းတတ ေတြ႕ခ်င္တဲ့ လူတစ္ေယာက္အတြက္ေတာ့

သတိရစိတ္တစ္ခုကပဲ ေတြ႕ဆုံျခင္းရဲ႕ အေၾကာင္းျပခ်က္ပါ

ကြၽန္မ နားလည္မေပးတတ္တဲ့ မိန္းမသား တစ္ေယာက္မဟုတ္ဘူး

၂၄နာရီလုံးဖုန္းဆက္ၿပီး ေႏွာင့္ယွက္ေနတတ္တဲ့ မိန္းမလဲ မဟုတ္ဘူး

သတိတရနဲ႔ ဖုန္းဆက္လာမယ့္အခ်ိန္ေလးကိုေတာ့ တစ္စိုက္မတ္မတ္နဲ႔ ေမွ်ာ္ခဲ့မိပါတယ္

အလုပ္မ်ားေနတဲ့ၾကားကမွ ကြၽန္မကို အလုပ္ပ်က္ခံၿပီး ဂ႐ုစိုက္ရမယ္လို႔ မေတာင္းဆိုဘူး

မအားရင္ မအားတဲ့အေၾကာင္းေလး ႀကိဳၿပီး ေျပာျပထားတဲ့အခါ ကြၽန္မလဲ ရင္ေမာရသက္သာတယ္ေလ မဟုတ္ဘူးလား . . . .

စကားမေျပာခ်င္ပဲနဲ႔ ၀ဋ္​ေက်တမ္း​ေက်ေျပာဆိုဆက္ဆံေနရတာ တစ္ဖက္လူလဲ ပင္ပန္းသလို

ကြၽန္မလဲ နားေထာင္ရတာ စိတ္ပင္ပန္းတယ္ ၿပီးေတာ့ ၀မ္းနည္းတယ္

ကြၽန္မကပဲ သတိရျခင္းေတြ မထိုက္တန္တာလား လူတစ္ေယာက္အတြက္ အေရးမပါတာလား

ကြၽန္မလဲ လူပါ ဂ႐ုတစိုက္နဲ႔ အေရးတစ္ယူနဲ႔ တစ္ႀကိမ္တစ္ခါေလာက္ျဖစ္ျဖစ္ အေရးပါခ်င္ဖူးတယ္

လူတစ္ေယာက္ရဲ႕ အားျခင္းမအားျခင္းဆိုတာ အၿမဲတမ္း

အလုပ္မ်ားျခင္းမမ်ားျခင္းနဲ႔ မဆိုင္ပါဘူး

ကိုယ္က သူ႔အတြက္ အေရးပါျခင္း မပါျခင္းနဲ႔လဲ ဆိုင္ပါတယ္ ။

သွ်င္ယြန္း

Credit-သမီးေလး

လူတစ်ယောက်ရဲ့ အားခြင်းမအားခြင်းဆိုတာ တစ်ခါတစ်ရံမှာ

ကိုယ်ဟာသူ့အတွက် အရေးပါခြင်းမပါခြင်းနဲ့ အများကြီးသက်ဆိုင်ပါတယ်

ဘယ်လောက် ဝေးတဲ့ အရပ်မှာပဲ နေနေ ဒါမှမဟုတ်

ဘယ်လောက် ခက်ခဲနေပါစေ . . .

ကိုယ့်ကိုယ်သာ တမ်းတမ်းတတ သတိရရင် မရမက ဆက်သွယ်လာမှာပဲ

နေနိုင်တဲ့သူအတွက်တော့ အနီးအနားမှာရှိလဲ လာဖို့ခက်ခဲတယ်

မလာချင်တဲ့လူတစ်ယောက်အတွက် မလာနိုင်တဲ့ အကြောင်းပြချက်တွေ ရာနဲ့ချီရှိနေနိုင်ပါတယ်

တမ်းတမ်းတတ တွေ့ချင်တဲ့ လူတစ်ယောက်အတွက်တော့

သတိရစိတ်တစ်ခုကပဲ တွေ့ဆုံခြင်းရဲ့ အကြောင်းပြချက်ပါ

ကျွန်မ နားလည်မပေးတတ်တဲ့ မိန်းမသား တစ်ယောက်မဟုတ်ဘူး

၂၄နာရီလုံးဖုန်းဆက်ပြီး နှောင့်ယှက်နေတတ်တဲ့ မိန်းမလဲ မဟုတ်ဘူး

သတိတရနဲ့ ဖုန်းဆက်လာမယ့်အချိန်လေးကိုတော့ တစ်စိုက်မတ်မတ်နဲ့ မျှော်ခဲ့မိပါတယ်

အလုပ်များနေတဲ့ကြားကမှ ကျွန်မကို အလုပ်ပျက်ခံပြီး ဂရုစိုက်ရမယ်လို့ မတောင်းဆိုဘူး

မအားရင် မအားတဲ့အကြောင်းလေး ကြိုပြီး ပြောပြထားတဲ့အခါ ကျွန်မလဲ ရင်မောရသက်သာတယ်လေ မဟုတ်ဘူးလား . . . .

စကားမပြောချင်ပဲနဲ့ ဝဋ်ကျေတမ်းကျေပြောဆိုဆက်ဆံနေရတာ တစ်ဖက်လူလဲ ပင်ပန်းသလို

ကျွန်မလဲ နားထောင်ရတာ စိတ်ပင်ပန်းတယ် ပြီးတော့ ဝမ်းနည်းတယ်

ကျွန်မကပဲ သတိရခြင်းတွေ မထိုက်တန်တာလား လူတစ်ယောက်အတွက် အရေးမပါတာလား

ကျွန်မလဲ လူပါ ဂရုတစိုက်နဲ့ အရေးတစ်ယူနဲ့ တစ်ကြိမ်တစ်ခါလောက်ဖြစ်ဖြစ် အရေးပါချင်ဖူးတယ်

လူတစ်ယောက်ရဲ့ အားခြင်းမအားခြင်းဆိုတာ အမြဲတမ်း

အလုပ်များခြင်းမများခြင်းနဲ့ မဆိုင်ပါဘူး

ကိုယ်က သူ့အတွက် အရေးပါခြင်း မပါခြင်းနဲ့လဲ ဆိုင်ပါတယ် ။

သျှင်ယွန်း

Credit-သမီးလေး