တချို့လူတွေက မခွဲနိုင်မှန်းသိလေ ရက်စက်လေ အရမ်းချစ်မှန်းသိလေ အနိုင်ယူလေပဲ

Lifestyle











naethitmyanmar

မခေါ်ချင်တဲ့ တချို့ဘဝတွေထဲကို အတင်းဝင်ရောက်ဖို့ မကြိုးစားနဲ့ ပင်ပန်းတယ်….။

လိုလိုလားလားမရှိတဲ့ တချို့ရင်ခွင်ထဲကိုလည်း နွေးထွေးလောက်တယ်ဆိုတဲ့ အတွေးနဲ့

အတင်းဝင်ရောက်ဖို့ မကြိုးစားနဲ့ ပင်ပန်းတယ်…..။

မပတ်သက်ချင်တော့လို့ စိမ်းစိမ်းနေတဲ့ ဆက်ဆံရေးကိုလည်း

မအားလို့ ဖြစ်မှာပါစိတ်နဲ့…..ဖြည့်တွေးပေးမနေနဲ့ ပင်ပန်းတယ်…..။

မဆက်စေချင်လို့ ပိတ်ထားတဲ့ ဖုန်းတွေကိုလည်း အချိန်တိုင်း မျှော်လင့်မနေနဲ့ ပင်ပန်းတယ်……။

လမ်းခွဲချင်လို့ အကြောင်းပြချက်ရှာနေတဲ့သူကို…ကိုယ့်မှာဘာအပြစ်ရှိလို့လဲဆိုပြီး မေးမနေနဲ့ ပင်ပန်းတယ်……။

ဝမ်းနည်းတဲ့ အချိန်တိုင်း ဖြေသိမ့်ပေးမှာပါစိတ်နဲ့ ရင်ဖွင့်ချင်မနေနဲ့…ပင်ပန်းတယ်……။

တချို့လူတွေက မခွဲနိုင်မှန်းသိလေ ရက်စက်လေ…..။

အရမ်းချစ်မှန်းသိလေ အနိုင်ယူလေပဲ…..။

naethitmyanmar