အားလုံးအတွက် သတင်ေးကာင်း …. ထီဆုကြီးများတွင် အက္ခရာ မတူသော်လဲ ဂဏန်းတူလျှင် ဆုပေးမည်

NEWS ကြားသိရသမျှ

အမြင့်ဆုံးထီဆုကြီးတွေနဲ့ အက္ခရာမတူဘဲ ဂဏန်းတူရင် ဆုပေးတော့မယ်

ဖေဖော်ဝါရီ(၂၄)ရက်၊ ၂၀၂၀။

ထီ ဆုကြီးကို အက္ခရာမတူ ဂဏန်းတူယုံနဲ့ ပေါက်မဲအဖြစ်သတ်မှတ်ပေးဖို့ အစီအစဉ်ရှိတာကြောင့် ညှိနှိုင်း ဆွေးနွေးမှုတွေ ဆက်လုပ်ဆောင်သွားမယ်လို့ စီမံကိန်း ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီနေ့ပြောလိုက်ပါတယ်။

“ဆုမဲပြင်ဆင်တိုင်းဝယ်လိုအားမြင့်တက်ပါတယ်၊ အမြင့်ဆုံးအထူးဆုကြီး အက္ခရာမတူ ဂဏန်းတူ ဆုကြီးပေးဖို့ စီစဉ်နေတယ်၊ ဦးစွာသုံးသပ်ဆောင်ရွက်ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်”လို့ ဦးမောင်မောင်ဝင်း က ဒီနေ့ အမျိုးသားလွှတ်တော်မှာ ပြောကြားခဲ့တာဖြစ်တယ်။

ဒီနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းဝေးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က တစ်လတစ်ကြိမ်ဖွင့်တဲ့ အောင်ဘာလေထီဆုမဲတွေနဲ့ပတ်သက်လို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်ဖြေကြားခဲ့တာပါ။


ဒါကြောင့် အခု ထီဆုကြီး ကျပ်သိန်းတစ်သောင်းခွဲ၊ ကျပ်သိန်းတစ်သောင်း၊ ကျပ်သိန်း(၅၀၀၀)ကို ခြောက်လုံးတူ အက္ခရာလွဲရင် ထီဆုရဲ့ ဝ.၁ ရာခိုင်နှုန်းကို ပေါက်မဲအဖြစ်ပေးဖို့ အထူးပြောချင်တယ်”လို့ ဦးကိုကိုနိုင်က ပြောခဲ့ပါတယ်။

ဒါကြောင့် ကျပ်သိန်းတစ်သောင်းခွဲမှာ အက္ခရာမတူ ဂဏန်းတူရင် ကျပ်(၁၅)သိန်း၊ သိန်းတစ်သောင်းဆိုမှာ(၁၀)သိန်း၊ ကျပ်ငါးထောင်ဆိုရင်(၅)သိန်းအထိ ရရှိနိုင်ဖို့ သူက ဆွေးနွေးခဲ့တာပါ။

အခုချိန်မှာတော့ အောင်ဘာလေထီရောင်းရငွေရဲ့(၆၀)ရာခိုင်နှုန်းကို ထီဆုမဲတွေထဲကို ပြန်ထည့်ပေးပြီး ကျန်တဲ့ (၄၀)ရာခိုင်နှုန်းကို နိုင်ငံတော်ဘဏ္ဍာငွေထဲကို ထည့်သွင်းနေတာဖြစ်ပါတယ်။

လေးစားစွာဖြင့် ခရက်ဒစ် အိုမီဒီယာ

naethitmyanmar

Unicode

အမြင့်ဆုံးထီီဆုကြီးတွေနဲ့ အက္ခရာမတူဘဲဲ ဂဏန်းတူရင် ဆုပေးတော့မယ်

ဖေဖော်ဝါရီ(၂၄)ရက််၊ ၂၀၂၀။

ထီ ဆုကြီးကိို အက္ခရာမတူ ဂဏန်းတူယုံနဲ့ ပေါက်မဲအဖြစ်သတ်မှတ်ပေးဖို့ အစီအစဉ်ရှိတာကြောင့် ညှိနှိုင်း ဆွေးနွေးမှုတွေ ဆက်လုပ်ဆောင်သွားမယ်လို့ စီမံကိန်း ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီနေ့ပြောလိုက်ပါတယ်။

“ဆုုမဲပြင်ဆင်တိုင်းဝယ်လိုအားမြင့်တက်ပါတယ်၊ အမြင့်ဆုံးအထူးဆုကြီး အက္ခရာမတူ ဂဏန်းတူ ဆုကြီးပေးဖို့ စီစဉ်နေတယ်၊ ဦးစွာသုံးသပ်ဆောင်ရွက်ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်”လို့ ဦးမောင်မောင်ဝင်း က ဒီနေ့ အမျိုးသားလွှတ်တော်မှာ ပြောကြားခဲ့တာဖြစ်တယ်။

ဒီနေ့ ကျင်းပတဲ့ အမျိုးသားလွွှှတ်တော်အစည်းဝေးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က တစ်လတစ်ကြိမ်ဖွင့်တဲ့ အောင်ဘာလေထီဆုမဲတွေနဲ့ပတ်သက်လို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်ဖြေကြားခဲ့တာပါ။

“အမြင့်ဆုံးဆုကြီးတွေကို စိတ်ဝင်စားနေတာဖြစ်ကြတယ် အခြေခံပြည်သူတွေ အက္ခရာတူ ဂဏ္ဍန်းခြောက်လုံးတူမှ ရမှာပါ

ဒါကြောင့် အခု ထီီဆုကြီး ကျပ်သိိန်းတစ်သောင်းခွဲ၊ ကျပ်သိန်းတစ်သောင်း၊ ကျပ်သိိန်း(၅၀၀၀)ကို ခြောက်လုံးတူ အက္ခရာလွဲရင်် ထီဆုရဲ့ ဝ.၁ ရာခိုင်နှုန်းကို ပေါက်မဲအဖြစ်ပေးဖို့ အထူးပြောချင်တယ််”လို့ ဦးကိုကိုနိုင်က ပြောခဲ့ပါတယ်။

ဒါကြောင့် ကျပ်သိိန်းတစ်သောင်းခွဲမှာ အက္ခရာမတူ ဂဏန်းတူရင်် ကျပ်(၁၅)သိန်း၊ သိိန်းတစ်သောင်းဆိုမှာ(၁၀)သိိန်း၊ ကျပ်ငါးထောင်ဆိုရင်(၅)သိန်းအထိ ရရှိနိုင်ဖို့ သူက ဆွေးနွေးခဲ့တာပါ။

အခုချိိန်မှာတော့ အောင်ဘာလေထီရောင်းရငွေရဲ့(၆၀)ရာခိိုင်နှုန်းကို ထီဆုမဲတွေထဲကို ပြန်ထည့်ပေးပြီး ကျန်တဲ့ (၄၀)ရာခိုင်နှုန်းကို နိုင်ငံတော်ဘဏ္ဍာငွေထဲကို ထည့်သွင်းနေတာဖြစ်ပါတယ်။

လေးစားစွာဖြင့်် ခရက်ဒစ် အို မီဒီယာ