ဥပေဒဆိုတာ ထာဝရမဟုတ္ဘူး ေခတ္နဲ႔မဆီေလ်ာ္ရင္ ေျပာင္းသင့္ရင္ ေျပာင္းရမယ္လို့ ‌ႏိုင္ငံေတာ္ အတိုင္ပင္ခံေျပာ

NEWS

‘ဥပေဒဆိုတာ ထာဝရမဟုတ္ဘူး ေခတ္နဲ႔မဆီေလ်ာ္ရင္ ေျပာင္းသင့္ရင္ ေျပာင္းရမယ္ ျပင္သင့္ရင္ျပင္ရမယ္လို႔’ ‌ႏိုင္ငံေတာ္ အတိုင္ပင္ခံေျပာ

ေ႐ႊဘိုၿမိဳ႕ / မတ္လ (၁၁)

ဥပေဒဆိုတာ ထာဝရမဟုတ္ဘူး၊၊ ေခတ္နဲ႔မဆီေလ်ာ္ရင္ ေျပာင္းသင့္ရင္ ေျပာင္းရမယ္ ၊ ျပင္သင့္ရင္ ျပင္ရမယ္လို႔’

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေ႐ႊဘိုၿမိဳ႕ လူထုေတြ႕ဆုံပြဲတြင္ ယခုေျပာၾကားခဲ့သည္။

ထိုေတြ႕ ဆုံပြဲတြင္ ေဒၚေအာင္ဆန္းစုၾကည္က “ဥပေဒဆိုတာ ထာဝရ မဟုတ္ပါဘူး။ ဥပေဒဆိုတာ ျပည္သူလူထုကေန လူသားမ်ားကေန တီထြင္ထားတဲ့ ဥပေဒေတြ ျဖစ္ပါတယ္။

လူသားေတြကေန ေရးဆြဲၿပီးေတာ့ လက္ခံထားတဲ့ ဥပေဒေတြျဖစ္ပါတယ္။ေခတ္နဲ႔မဆီေလ်ာ္ရင္ ဒီဥပေဒေတြကို ေျပာင္းသင့္ ေျပာင္းရပါတယ္။ တစ္ခါတေလ လည္း ဥပေဒကို ပယ္ဖ်က္ရတယ္၊

တစ္ခါတေလ ဥပေဒကို ေျပာင္းရတယ္၊ တစ္ခါတေလ ဥပေဒကို ျဖည့္စြက္ရတယ္။ အဲဒီလိုနည္းေတြနဲ႔ ဥပေဒဆိုတာ ရွင္သန္ေနေအာင္လို႔ ကြၽန္မ တို႔ လုပ္ရပါတယ္။

ဥပေဒရွင္သန္ျခင္းဆိုတာ ေခတ္ရဲ႕ လိုအပ္ခ်က္ေတြနဲ႔ ကိုက္ညီျခင္းပဲ ျဖစ္ပါတယ္။ ေခတ္ရဲ႕ လိုအပ္ခ်က္ေတြနဲ႔ မကိုက္ညီတဲ့ ဥပေဒဆိုတာ မရွင္သန္ႏိုင္ပါဘူး။

အဲဒီေတာ့ ကြၽန္မတို႔ရဲ႕ ႏိုင္ငံမွာ ေျမပိုင္ဆိုင္မႈနဲ႔ပတ္သက္လို႔ မူလပိုင္ရွင္ကို ေျမျပန္ၿပီးေတာ့ ေပးတဲ့ကိစၥနဲ႔ပတ္သက္လို႔၊

ေျမလြတ္ေျမ႐ိုင္းေတြကို ပုဂၢလိကပိုင္အျဖစ္ ခ်ေပးတာနဲ႔ ပတ္သက္လို႔ အဲဒါေတြ အားလုံးအတြက္ ဥပေဒေတြရွိပါတယ္။

ဥပေဒဆိုတာေတာ့ အမ်ိဳးမ်ိဳးရွိတယ္။ ဒီဥပေဒေတြ ရွင္သန္ဖို႔ဆိုတာဟာ ဥပေဒျပဳ မ႑ိဳင္ဆိုတာ လႊတ္ေတာ္ကို ေျပာတာပါ။

ဥပေဒေတြကို ျပ႒ာန္းၿပီးေတာ့ ဥပေဒေတြ အတည္ျဖစ္ဖို႔ ႏိုင္ငံတစ္ႏိုင္ငံမွာ ဥပေဒစိုးမိုးမႈ ဆိုတာ လႊတ္ေတာ္က လုပ္ရတဲ့ကိစၥျဖစ္ပါတယ္။

ဒါေၾကာင့္ လႊတ္ေတာ္ရဲ႕က႑ က အင္မတန္မွ အေရးႀကီးတယ္။ ျပည္သူေတြရဲ႕ဘဝေတြကို လႊမ္းၿခဳံမယ့္ ဥပေဒေတြကို လႊတ္ေတာ္ကေန ျပ႒ာန္းရတာျဖစ္ပါတယ္ လို႔ ၎က အထက္ပါအတိုင္း ေျပာၾကားခဲ့သည္။

ေဒၚေအာင္ဆန္းစုၾကည္သည္ ေ႐ႊဘိုၿမိဳ႕ ေအာင္ေျမဘုရားသို႔ သြားေရာက္ကာ မဟာေအာင္ေျမဆုေတာင္းျပည့္ ျမတ္စြာဘုရားအား ဖူးေျမာ္ၾကည္ ညိဳၿပီး ေ႐ႊသကၤန္း ဆက္ကပ္လႉဒါန္းပူေဇာ္သည္ဟုသိရွိရသည္။

ထို႔အျပင္မဟာေအာင္ေျမဌာန၌ေအာင္ေျမနင္းခဲ့သည္ဟုသိရသည္။ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပဂၢိဳလ္ ေဒၚေဆာင္ဆန္းစုၾကည္သည္ မတ္လ (၁၁)ရက္တြင္ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ

ဒီပဲယင္းၿမိဳ႕နယ္ႏွင့္ ေ႐ႊဘိုၿမိဳ႕နယ္ရွိ ေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံခဲ့သည္။ထိုၿမိဳ႕ႏွစ္ၿမိဳ႕ေတြ႕ဆုံပြဲတြင္ လူဦးေရေသာင္းေက်ာ္မက တက္ေရာက္ၾကသည္ဟု သိရွိရသည္။

ေဇာ္မင္းႏိုင္(ဒီပဲယင္း)

naethitmyanmar

‘ဥပဒေဆိုတာ ထာဝရမဟုတ်ဘူး ခေတ်နဲ့မဆီလျော်ရင် ပြောင်းသင့်ရင် ပြောင်းရမယ် ပြင်သင့်ရင်ပြင်ရမယ်လို့’ ‌နိုင်ငံတော် အတိုင်ပင်ခံပြော

ရွှေဘိုမြို့ / မတ်လ (၁၁)

ဥပဒေဆိုတာ ထာဝရမဟုတ်ဘူး၊၊ ခေတ်နဲ့မဆီလျော်ရင် ပြောင်းသင့်ရင် ပြောင်းရမယ် ၊ ပြင်သင့်ရင် ပြင်ရမယ်လို့’

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရွှေဘိုမြို့ လူထုတွေ့ဆုံပွဲတွင် ယခုပြောကြားခဲ့သည်။

ထိုတွေ့ ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “ဥပဒေဆိုတာ ထာဝရ မဟုတ်ပါဘူး။ ဥပဒေဆိုတာ ပြည်သူလူထုကနေ လူသားများကနေ တီထွင်ထားတဲ့ ဥပဒေတွေ ဖြစ်ပါတယ်။

လူသားတွေကနေ ရေးဆွဲပြီးတော့ လက်ခံထားတဲ့ ဥပဒေတွေဖြစ်ပါတယ်။ခေတ်နဲ့မဆီလျော်ရင် ဒီဥပဒေတွေကို ပြောင်းသင့် ပြောင်းရပါတယ်။ တစ်ခါတလေ လည်း ဥပဒေကို ပယ်ဖျက်ရတယ်၊

တစ်ခါတလေ ဥပဒေကို ပြောင်းရတယ်၊ တစ်ခါတလေ ဥပဒေကို ဖြည့်စွက်ရတယ်။ အဲဒီလိုနည်းတွေနဲ့ ဥပဒေဆိုတာ ရှင်သန်နေအောင်လို့ ကျွန်မ တို့ လုပ်ရပါတယ်။

ဥပဒေရှင်သန်ခြင်းဆိုတာ ခေတ်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီခြင်းပဲ ဖြစ်ပါတယ်။ ခေတ်ရဲ့ လိုအပ်ချက်တွေနဲ့ မကိုက်ညီတဲ့ ဥပဒေဆိုတာ မရှင်သန်နိုင်ပါဘူး။

အဲဒီတော့ ကျွန်မတို့ရဲ့ နိုင်ငံမှာ မြေပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ မူလပိုင်ရှင်ကို မြေပြန်ပြီးတော့ ပေးတဲ့ကိစ္စနဲ့ပတ်သက်လို့၊

မြေလွတ်မြေရိုင်းတွေကို ပုဂ္ဂလိကပိုင်အဖြစ် ချပေးတာနဲ့ ပတ်သက်လို့ အဲဒါတွေ အားလုံးအတွက် ဥပဒေတွေရှိပါတယ်။

ဥပဒေဆိုတာတော့ အမျိုးမျိုးရှိတယ်။ ဒီဥပဒေတွေ ရှင်သန်ဖို့ဆိုတာဟာ ဥပဒေပြု မဏ္ဍိုင်ဆိုတာ လွှတ်တော်ကို ပြောတာပါ။

ဥပဒေတွေကို ပြဋ္ဌာန်းပြီးတော့ ဥပဒေတွေ အတည်ဖြစ်ဖို့ နိုင်ငံတစ်နိုင်ငံမှာ ဥပဒေစိုးမိုးမှု ဆိုတာ လွှတ်တော်က လုပ်ရတဲ့ကိစ္စဖြစ်ပါတယ်။

ဒါကြောင့် လွှတ်တော်ရဲ့ကဏ္ဍ က အင်မတန်မှ အရေးကြီးတယ်။ ပြည်သူတွေရဲ့ဘဝတွေကို လွှမ်းခြုံမယ့် ဥပဒေတွေကို လွှတ်တော်ကနေ ပြဋ္ဌာန်းရတာဖြစ်ပါတယ် လို့ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရွှေဘိုမြို့ အောင်မြေဘုရားသို့ သွားရောက်ကာ မဟာအောင်မြေဆုတောင်းပြည့် မြတ်စွာဘုရားအား ဖူးမြော်ကြည် ညိုပြီး ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်သည်ဟုသိရှိရသည်။

ထို့အပြင်မဟာအောင်မြေဌာန၌အောင်မြေနင်းခဲ့သည်ဟုသိရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်သည် မတ်လ (၁၁)ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ

ဒီပဲယင်းမြို့နယ်နှင့် ရွှေဘိုမြို့နယ်ရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။ထိုမြို့နှစ်မြို့တွေ့ဆုံပွဲတွင် လူဦးရေသောင်းကျော်မက တက်ရောက်ကြသည်ဟု သိရှိရသည်။

ဇော်မင်းနိုင်(ဒီပဲယင်း)

naethitmyanmar