လာမည့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ၌ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး (ျပည္ခိုင္ၿဖိဳး)ပါတီအေနျဖင့္ လက္ရွိ အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီႏွင့္သာ

အႀကိတ္အနယ္ယွဥ္ၿပိဳင္ရမည္ဟု ေမွ်ာ္မွန္းထားၿပီး ျပည္ခိုင္ၿဖိဳးပါတီကို မဲေပးပါက ျပည္သူမ်ားေနာင္တမရေစရန္ အာမခံေၾကာင္း အဆိုပါပါတီ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက ေျပာသည္။

ျမန္မာႏိုင္ငံ၌ လက္ရွိတြင္ အစိုးရဖြဲ႕ႏိုင္ေသာပါတီမွာ ႏွစ္ခုသာရွိေၾကာင္း၊ ယခုလက္ရွိ အစိုးရဖြဲ႕ႏိုင္ေသာ ပါတီႏွင့္သာ အႀကိတ္အနယ္ယွဥ္ၿပိဳင္ရမည္ျဖစ္ေၾကာင္း ေျပာသည္။

“အစိုးရဖြဲ႕ႏိုင္တဲ့ လက္ရွိပါတီနဲ႔ပဲ အႀကိတ္အနယ္ၿပိဳင္ရ လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ (၂၀၁၅ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့တဲ့ မဲဆႏၵနယ္ေတြမွာ) ကြၽန္ေတာ္ တို႔ေဆာင္႐ြက္မႈသည္

အခုျပည္သူက လက္ေတြ႕အဲဒီကိုယ္စားလွယ္ေတြကို တာဝန္ေပးလိုက္တဲ့အခါမွာ လႊတ္ေတာ္တြင္း၊ လႊတ္ေတာ္ျပင္ပ ျပည္သူ႔ အတြက္ ျပည္သူ႔ဘက္က ဘယ္လိုရပ္တည္တယ္ဆိုတာ ေဒသခံျပည္သူေတြ သိရွိနားလည္ၾကပါတယ္။

ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ကိုယ္စားလွယ္ေတြကို ေ႐ြးမယ္ဆိုရင္ ေနာင္တမရေစဘူးလို႔ ကြၽန္ေတာ္တို႔ပါတီက အာမခံပါတယ္”ဟု ဦးသိန္းထြန္းဦးက ေျပာသည္။

လက္ရွိတြင္ ပါတီဗဟိုအလုပ္အမႈေဆာင္အဖြဲ႕မွ ပါတီကိုယ္စားလွယ္ေလာင္းမ်ားကို စီစစ္ေ႐ြးခ်ယ္ေနကာ၊ ကိုယ္စားလွယ္ေလာင္းမ်ားကို ၾသဂုတ္လဆန္းတြင္ ထုတ္ျပန္မည္ဟု ေျပာၾကားထားေၾကာင္း၊

ကိုယ္စားလွယ္ ေလာင္းအတြက္ အမ်ိဳးသား၊ အမ်ိဳးသမီးခြဲျခားမႈမရွိပဲ ေဒသအက်ိဳးကို လုပ္ေဆာင္ႏိုင္မည့္သူ၊ ေဒသမွ လက္ခံ ႏိုင္မည့္သူ မည္သူမဆို လက္ခံေ႐ြးခ်ယ္မည္ျဖစ္ေၾကာင္း ေျပာသည္။

“၂၀၁၅ တုန္းက ကိုယ္စားလွယ္ေဟာင္း ဘယ္ေလာက္ျပန္ပါလာမလဲဆိုတာ စီစစ္ဆဲကာလဆိုေတာ့ အတိအက် မသိရေသးပါဘူး။ ေ႐ြးခ်ယ္ေရးေကာ္မတီက ေ႐ြးေပးလိုက္တဲ့အပိုင္းေပါ့။

က်န္တဲ့အပိုင္းေတြက်ေတာ့ ဗဟိုအလုပ္အမႈေဆာင္က ဆုံးျဖတ္ၾကမယ့္အပိုင္းေပါ့။ တစ္ခုရွိတာက ကြၽန္ေတာ္တို႔ပါတီအေနနဲ႔ ေအာက္ေျခပါတီရဲ႕ ေ႐ြးခ်ယ္စီစစ္ေရးအဖြဲ႕ရဲ႕ ေ႐ြးခ်ယ္မႈကို အေလးထားတယ္ဗ်။

သူမ်ားေတြလို ၿမိဳ႕မိၿမိဳ႕ ဖေတြဖြဲ႕ၿပီးေတာ့ ေ႐ြးခ်ယ္တင္ေပးလိုက္တယ္။ ၿပီးေတာ့က်ေတာ့မွ သူတို႔ခန႔္ခ်င္တဲ့သူကို ၈၀ ရာခိုင္ႏႈန္း ေလာက္ထည့္လိုက္တယ္ဆိုတာမ်ိဳး ကြၽန္ေတာ္တို႔က မဟုတ္ဘူး။

ကြၽန္ေတာ္တို႔ဆီမွာ တကယ့္ကို ေအာက္ေျခကေန လက္ခံေသာ၊ ေအာက္ေျခက ေ႐ြးခ်ယ္ေပးလိုက္ေသာ ကိုယ္စားလွယ္ေလာင္းေတြျဖစ္မယ္ ဆိုတာ ေျပာလို႔ရပါတယ္”ဟု ဦးသိန္းထြန္းဦးက ေျပာသည္။

သို႔ေသာ္ လာမည့္ေ႐ြးေကာက္ပြဲအတြက္ ပါတီစည္း႐ုံးေရးလုပ္ငန္းစဥ္ႏွင့္ပတ္သက္ၿပီး ကိုဗစ္ ၁၉ ကန႔္သတ္ခ်က္ ေၾကာင့္ အက်ပ္အတည္းျဖစ္ေနေၾကာင္း၊

ယခုအခ်ိန္မွာ ျပည္သူမ်ားအား ေ႐ြးေကာက္ပြဲဆိုင္ရာ အသိပညာေပး မႈမ်ား လုပ္ေဆာင္ရမည့္အခ်ိန္ျဖစ္ေၾကာင္း ေျပာသည္။

” တကယ္ေတာ့ တန္းတူညီမွ် ျဖစ္သင့္တာေပါ့။ ျပည္ေထာင္စု ဝန္ႀကီး ဒုဝန္ႀကီးေတြကေတာ့ သူတို႔ရဲ႕အစိုးရဆိုတဲ့ အသာစီးယူထားၿပီး သူတို႔ကို ဇူလိုင္လ တစ္ရက္ေန႔ကစၿပီး စည္း႐ုံးခြင့္ေတြ၊

ပါတီလုပ္ငန္းလုပ္ေဆာင္ခြင့္ေတြ ေပးလိုက္ေသာ္လည္းပဲ ကြၽန္ေတာ္တို႔ႏိုင္ငံေရးပါတီေတြအေနနဲ႔က က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ကန႔္သတ္ခ်က္အေပၚမွာပဲ ရပ္တည္ေဆာင္႐ြက္ေနရတဲ့အတြက္ အခက္အခဲ ေတြျဖစ္ပါတယ္။

ဒါေၾကာင့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္အေနနဲ႔ ေဆာင္႐ြက္တဲ့ေနရာမွာေရာ၊ ကြၽန္ေတာ္တို႔ အစိုးရပိုင္းကေရာ ဒါေတြကို စဥ္းစားၿပီး ညီမွ်တဲ့အခြင့္အေရးေတြနဲ႔အတူ ေ႐ြးေကာက္ပြဲကို က်င္းပ ေပးပါ။

လြတ္လပ္ေသာ တရားမွ်တေသာ ေ႐ြးေကာက္ပြဲဆိုတာ အေကာင္အထည္ ေဖာ္ေပးပါလို႔ တိုက္တြန္းလိုပါတယ္”ဟု ဦးသိန္းထြန္းဦးက ေျပာသည္။

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ပါတီမ်ားႏွင့္ ကိုယ္စားလွယ္ေလာင္းမ်ားအတြက္ ေ႐ြးေကာက္ပြဲဆိုင္ ရာ စုေဝးေဟာေျပာျခင္းႏွင့္ မဲဆြယ္စည္း႐ုံးခြင့္ႏွင့္စပ္လ်ဥ္းၿပီး

လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား အတည္ျပဳ ၿပီးေနာက္ပိုင္းတြင္ ထုတ္ျပန္ေပးမည္ဟု ေၾကညာထားသည္။

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္၏ ထုတ္ျပန္ေၾကညာခ်က္အရ ၂၀၁၅ ခုႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲတြင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ (၃၂၃) ဦး၊

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စား လွယ္ (၁၆၈) ဦး၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ (၆၅၉) ဦးတို႔ကို ေ႐ြးေကာက္တင္ ေျမႇာက္ႏိုင္ခဲ့သည္။

၎တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီအေနျဖင့္ ျပည္သူ႔လႊတ္ေတာ္တြင္ ၂၅၅ ဦး၊ အမ်ိဳးသားလႊတ္ေတာ္ တြင္ ၁၃၅ ဦး၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္တြင္ ၄၇၅ ဦး၊

တိုင္းရင္းသားလူမ်ိဳး လႊတ္ေတာ္ကိုယ္စား လွယ္ ၂၁ ဦး၊ စုစုေပါင္း ၈၈၆ ဦးအႏိုင္ရခဲ့သည္။

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီအေနျဖင့္ ျပည္သူ႔ လႊတ္ေတာ္တြင္ ၃၀ ဦး၊ အမ်ိဳးသားလႊတ္ေတာ္တြင္ ၁၁ ဦး၊

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္တြင္ ၇၄ ဦး၊ တိုင္းရင္းသားလူမ်ိဳး လႊတ္ေတာ္ကိုယ္စားလွယ္ ႏွစ္ဦး၊ စုစုေပါင္း ၁၁၇ ဦး အႏိုင္ရခဲ့သည္။

ၿဖိဳးေဝေက်

naethitmyanmar

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ပြည်ခိုင်ဖြိုး)ပါတီအနေဖြင့် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့်သာ

အကြိတ်အနယ်ယှဉ်ပြိုင်ရမည်ဟု မျှော်မှန်းထားပြီး ပြည်ခိုင်ဖြိုးပါတီကို မဲပေးပါက ပြည်သူများနောင်တမရစေရန် အာမခံကြောင်း အဆိုပါပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။

မြန်မာနိုင်ငံ၌ လက်ရှိတွင် အစိုးရဖွဲ့နိုင်သောပါတီမှာ နှစ်ခုသာရှိကြောင်း၊ ယခုလက်ရှိ အစိုးရဖွဲ့နိုင်သော ပါတီနှင့်သာ အကြိတ်အနယ်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြောသည်။

“အစိုးရဖွဲ့နိုင်တဲ့ လက်ရှိပါတီနဲ့ပဲ အကြိတ်အနယ်ပြိုင်ရ လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ (၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်တွေမှာ) ကျွန်တော် တို့ဆောင်ရွက်မှုသည်

အခုပြည်သူက လက်တွေ့အဲဒီကိုယ်စားလှယ်တွေကို တာဝန်ပေးလိုက်တဲ့အခါမှာ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ပြည်သူ့ အတွက် ပြည်သူ့ဘက်က ဘယ်လိုရပ်တည်တယ်ဆိုတာ ဒေသခံပြည်သူတွေ သိရှိနားလည်ကြပါတယ်။

ဒါကြောင့် ကျွန်တော်တို့ ကိုယ်စားလှယ်တွေကို ရွေးမယ်ဆိုရင် နောင်တမရစေဘူးလို့ ကျွန်တော်တို့ပါတီက အာမခံပါတယ်”ဟု ဦးသိန်းထွန်းဦးက ပြောသည်။

လက်ရှိတွင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ပါတီကိုယ်စားလှယ်လောင်းများကို စီစစ်ရွေးချယ်နေကာ၊ ကိုယ်စားလှယ်လောင်းများကို သြဂုတ်လဆန်းတွင် ထုတ်ပြန်မည်ဟု ပြောကြားထားကြောင်း၊

ကိုယ်စားလှယ် လောင်းအတွက် အမျိုးသား၊ အမျိုးသမီးခွဲခြားမှုမရှိပဲ ဒေသအကျိုးကို လုပ်ဆောင်နိုင်မည့်သူ၊ ဒေသမှ လက်ခံ နိုင်မည့်သူ မည်သူမဆို လက်ခံရွေးချယ်မည်ဖြစ်ကြောင်း ပြောသည်။

“၂၀၁၅ တုန်းက ကိုယ်စားလှယ်ဟောင်း ဘယ်လောက်ပြန်ပါလာမလဲဆိုတာ စီစစ်ဆဲကာလဆိုတော့ အတိအကျ မသိရသေးပါဘူး။ ရွေးချယ်ရေးကော်မတီက ရွေးပေးလိုက်တဲ့အပိုင်းပေါ့။

ကျန်တဲ့အပိုင်းတွေကျတော့ ဗဟိုအလုပ်အမှုဆောင်က ဆုံးဖြတ်ကြမယ့်အပိုင်းပေါ့။ တစ်ခုရှိတာက ကျွန်တော်တို့ပါတီအနေနဲ့ အောက်ခြေပါတီရဲ့ ရွေးချယ်စီစစ်ရေးအဖွဲ့ရဲ့ ရွေးချယ်မှုကို အလေးထားတယ်ဗျ။

သူများတွေလို မြို့မိမြို့ ဖတွေဖွဲ့ပြီးတော့ ရွေးချယ်တင်ပေးလိုက်တယ်။ ပြီးတော့ကျတော့မှ သူတို့ခန့်ချင်တဲ့သူကို ၈၀ ရာခိုင်နှုန်း လောက်ထည့်လိုက်တယ်ဆိုတာမျိုး ကျွန်တော်တို့က မဟုတ်ဘူး။

ကျွန်တော်တို့ဆီမှာ တကယ့်ကို အောက်ခြေကနေ လက်ခံသော၊ အောက်ခြေက ရွေးချယ်ပေးလိုက်သော ကိုယ်စားလှယ်လောင်းတွေဖြစ်မယ် ဆိုတာ ပြောလို့ရပါတယ်”ဟု ဦးသိန်းထွန်းဦးက ပြောသည်။

သို့သော် လာမည့်ရွေးကောက်ပွဲအတွက် ပါတီစည်းရုံးရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ကိုဗစ် ၁၉ ကန့်သတ်ချက် ကြောင့် အကျပ်အတည်းဖြစ်နေကြောင်း၊

ယခုအချိန်မှာ ပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မှုများ လုပ်ဆောင်ရမည့်အချိန်ဖြစ်ကြောင်း ပြောသည်။

” တကယ်တော့ တန်းတူညီမျှ ဖြစ်သင့်တာပေါ့။ ပြည်ထောင်စု ဝန်ကြီး ဒုဝန်ကြီးတွေကတော့ သူတို့ရဲ့အစိုးရဆိုတဲ့ အသာစီးယူထားပြီး သူတို့ကို ဇူလိုင်လ တစ်ရက်နေ့ကစပြီး စည်းရုံးခွင့်တွေ၊

ပါတီလုပ်ငန်းလုပ်ဆောင်ခွင့်တွေ ပေးလိုက်သော်လည်းပဲ ကျွန်တော်တို့နိုင်ငံရေးပါတီတွေအနေနဲ့က ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကန့်သတ်ချက်အပေါ်မှာပဲ ရပ်တည်ဆောင်ရွက်နေရတဲ့အတွက် အခက်အခဲ တွေဖြစ်ပါတယ်။

ဒါကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဆောင်ရွက်တဲ့နေရာမှာရော၊ ကျွန်တော်တို့ အစိုးရပိုင်းကရော ဒါတွေကို စဉ်းစားပြီး ညီမျှတဲ့အခွင့်အရေးတွေနဲ့အတူ ရွေးကောက်ပွဲကို ကျင်းပ ပေးပါ။

လွတ်လပ်သော တရားမျှတသော ရွေးကောက်ပွဲဆိုတာ အကောင်အထည် ဖော်ပေးပါလို့ တိုက်တွန်းလိုပါတယ်”ဟု ဦးသိန်းထွန်းဦးက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင် ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်နှင့်စပ်လျဉ်းပြီး

လွှတ်တော်ကိုယ်စားလှယ်လောင်းများ အတည်ပြု ပြီးနောက်ပိုင်းတွင် ထုတ်ပြန်ပေးမည်ဟု ကြေညာထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ကြေညာချက်အရ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၂၃) ဦး၊

အမျိုးသားလွှတ်တော်ကိုယ်စား လှယ် (၁၆၈) ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၆၅၉) ဦးတို့ကို ရွေးကောက်တင် မြှောက်နိုင်ခဲ့သည်။

၎င်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ပြည်သူ့လွှတ်တော်တွင် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော် တွင် ၁၃၅ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် ၄၇၅ ဦး၊

တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စား လှယ် ၂၁ ဦး၊ စုစုပေါင်း ၈၈၆ ဦးအနိုင်ရခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ပြည်သူ့ လွှတ်တော်တွင် ၃၀ ဦး၊ အမျိုးသားလွှတ်တော်တွင် ၁၁ ဦး၊

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် ၇၄ ဦး၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၊ စုစုပေါင်း ၁၁၇ ဦး အနိုင်ရခဲ့သည်။

ဖြိုးဝေကျေ

naethitmyanmar