










naethitmyanmar

ယနေ့ အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီရဲ့ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုနဲ့

ပထမအကြိမ် လူနာ ၁၀၁ ဦးကို အိမ်ပြန်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ပြန်ခွင့်ရရှိသူ ၁၀၁ ဦးကို အင်းယားစင်တာမှ တစ်ဦးလျှင် ငွေကျပ် ၅၀,၀၀၀နှင့် ငါးသေတ္တာနှစ်ဗူးစီကို လှူဒါန်းလိုက်ပါတယ်။

ဒါအပြင် အင်ယားစင်တာမှာ နှလုံးသားဖြူစင်စွာဖြင့် တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာဝန်များ၊ သူနာပြုများ၊

စေတနာ့ဝန်ထမ်းများနှင့်ကိုဗစ်မအတည်ပြုလူနာများကို အဆိုတော် R ဇာနည်၊ မီမီဝင်းဖေ၊ ကော်နီ၊ တင်ဇာမော်၊

ချောစုခင်၊ ဆုန်သင်းပါရ် တို့ကလည်း ချစ်ခင်ရင်းနှီးစွာ Clean Zone များမှတဆင့် အားပေး စကားပြောခဲ့ကြတဲ့အပြင်

တတ်စွမ်းတဲ့ အနုပညာဖျော်ဖြေမှုတွေနဲ့ စိတ်ခွန်အားတွေ ဖြည့်ဆည်းပေးခဲ့ကြပါတယ်။

အင်းယားစင်တာမှာ တာဝန်ထမ်းဆောင်နေကြသူ အားလုံးနဲ့ စိတ်ခွန်အားများ ဖြည့်ဆည်းပေးကြတဲ့

ပြည်သူချစ်သော အနုပညာရှင်များကို အင်ယားစင်တာမှ အထူးကျေးဇူးတင်ရှိပါတယ်။

ကိုဗစ်အန္တရာယ်မှလဲ ကင်းဝေးကြပါစေ။

naethitmyanmar