အဆိုေကာင္း႐ုံသာမဟုတ္ဘဲ သ႐ုပ္ေဆာင္တဲ့ေနရာမွာလည္း ထူးခြၽန္သူကေတာ့ အဆိုေတာ္ ဂေရဟမ္ရဲ႕ သမီးေခ်ာေလး ပန္းေရာင္ျခယ္ပဲ ျဖစ္ပါတယ္။

သူမဟာ ဂီတေလာကမွတစ္ဆင့္ သ႐ုပ္ေဆာင္ဘက္ကို ကူးေျပာင္းခဲ့ရာမွာလည္း ပရိသတ္ေတြ အားေပးမႈကို အထူးရရွိခဲ့တာပဲ ျဖစ္ပါတယ္။

သူမ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ ” လိပ္ျပာ ” ဇာတ္လမ္းတြဲနဲ႔လည္း ျပည္ပႏိုင္ငံက ခ်ီးျမႇင့္တဲ့ အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့ျပန္ၿပီပဲ ျဖစ္ပါတယ္။

မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း ပန္းေရာင္ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ အခုလိုပဲ ေရးသား ေဝမွ်ထားတာပဲ ျဖစ္ပါတယ္။

”ဒီႏွစ္ Asian Academy Creative Awards အတြက္ ပန္း​​ေရာင္ Best Actress In A Leading Role (အ​ေကာင္းဆုံးအမ်ိဳးသမီးဇာတ္​ေဆာင္ဆု)

National Winnerျဖစ္ခြင့္ရတဲ့အတြက္ အရမ္း​ေပ်ာ္႐ႊင္မိပါတယ္။ ဒီအာရွအႏုပညာ တီထြင္ဖန္တီးမႈ အကယ္ဒမီဆု​ခ်ီးျမႇင့္ပြဲမွာ “လိပ္ျပာ” က 4 National Wins ရရွိထားပါတယ္ –

Best Drama Series, Best Cinematography, Best Theme Song နဲ႔ Best Actress In A Leading Role ပါ။

တျခား​​ေသာ အာရွႏိုင္ငံမွ ႐ုပ္သံဇတ္လမ္းမ်ားနဲ႔အတူ ပန္း​ေရာင္တို႔က အာရွမွာ အ​ေကာင္းဆုံးဇတ္လမ္းတြဲဆု၊ အ​ေကာင္းဆုံး႐ုပ္ရွင္ဓါတ္ပုံဆု၊

အ​ေကာင္းဆုံး႐ုပ္ရွင္ဇာတ္ဝင္​ေတးဆု နဲ႔ အ​ေကာင္းဆုံးအမ်ိဳးသမီး ဇာတ္​ေဆာင္ဆု တို႔ကို ျမန္မာႏိုင္ငံကိုယ္စားျပဳရင္း ဆန္ကာတင္စာရင္း ဝင္သြားၿပီျဖစ္ပါတယ္။

ဆု​ေပးပြဲကို ဒီဇင္ဘာလမွာ က်င္းပသြားမွာျဖစ္ပါတယ္။ “လိပ္ျပာ” အဖြဲ႕သား​ေတြနဲ႔အတူ ဂုဏ္ယူရပါတယ္

အားလုံးကို ​ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင့္။

ဒါ ပန္း​ေရာင္ရဲ႕ ပထမဦးဆုံး႐ုပ္ရွင္နဲ႔ ပထမဦးဆုံး nomination ပါ။

အမ်ားႀကီးဆက္ႀကိဳးစားရပါဦးမယ္” ဆိုၿပီး ေရးသားထားတာပဲျဖစ္ၿပီး ပရိသတ္ေတြအတြက္ တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

naethitmyanmar

အဆိုကောင်းရုံသာမဟုတ်ဘဲ သရုပ်ဆောင်တဲ့နေရာမှာလည်း ထူးချွန်သူကတော့ အဆိုတော် ဂရေဟမ်ရဲ့ သမီးချောလေး ပန်းရောင်ခြယ်ပဲ ဖြစ်ပါတယ်။

သူမဟာ ဂီတလောကမှတစ်ဆင့် သရုပ်ဆောင်ဘက်ကို ကူးပြောင်းခဲ့ရာမှာလည်း ပရိသတ်တွေ အားပေးမှုကို အထူးရရှိခဲ့တာပဲ ဖြစ်ပါတယ်။

သူမ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ” လိပ်ပြာ ” ဇာတ်လမ်းတွဲနဲ့လည်း ပြည်ပနိုင်ငံက ချီးမြှင့်တဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပြီပဲ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပန်းရောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အခုလိုပဲ ရေးသား ဝေမျှထားတာပဲ ဖြစ်ပါတယ်။

”ဒီနှစ် Asian Academy Creative Awards အတွက် ပန်းရောင် Best Actress In A Leading Role (အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု)

National Winnerဖြစ်ခွင့်ရတဲ့အတွက် အရမ်းပျော်ရွှင်မိပါတယ်။ ဒီအာရှအနုပညာ တီထွင်ဖန်တီးမှု အကယ်ဒမီဆုချီးမြှင့်ပွဲမှာ “လိပ်ပြာ” က 4 National Wins ရရှိထားပါတယ် –

Best Drama Series, Best Cinematography, Best Theme Song နဲ့ Best Actress In A Leading Role ပါ။

တခြားသော အာရှနိုင်ငံမှ ရုပ်သံဇတ်လမ်းများနဲ့အတူ ပန်းရောင်တို့က အာရှမှာ အကောင်းဆုံးဇတ်လမ်းတွဲဆု၊ အကောင်းဆုံးရုပ်ရှင်ဓါတ်ပုံဆု၊

အကောင်းဆုံးရုပ်ရှင်ဇာတ်ဝင်တေးဆု နဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု တို့ကို မြန်မာနိုင်ငံကိုယ်စားပြုရင်း ဆန်ကာတင်စာရင်း ဝင်သွားပြီဖြစ်ပါတယ်။

ဆုပေးပွဲကို ဒီဇင်ဘာလမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ “လိပ်ပြာ” အဖွဲ့သားတွေနဲ့အတူ ဂုဏ်ယူရပါတယ်

အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

ဒါ ပန်းရောင်ရဲ့ ပထမဦးဆုံးရုပ်ရှင်နဲ့ ပထမဦးဆုံး nomination ပါ။

အများကြီးဆက်ကြိုးစားရပါဦးမယ်” ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

naethitmyanmar