ျပည္ပအေႂကြးမ်ား တစ္ႏွစ္အတြင္း ေလွ်ာ့ေစရမည္ဟု ရဲရဲႀကီးအာမခံလိုက္တဲ့ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠဌ ဦးသန္းေဌး

၎တို႔အစိုးရျဖစ္ပါကျပည္ပေႂကြးမွီမ်ား တစ္ႏွစ္အတြင္းေလ်ာ့က်ေအာင္ျပန္ဆပ္ေပးမည္ဟု

ႀကံ့ခိုင္ေရးပါတီဥကၠ႒ဦးသန္းေဌးက မဲဆြယ္ေျပာၾကားသည့္ မိန႔္ခြန္းတြင္ထည့္သြင္းေျပာၾကားခဲ့သည္။

ေအာက္တိုဘာ၁၅ရက္ ၂၀၂၀ ျပည့္ႏွစ္၊ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲ၊ ႏိုင္ငံေရးပါတီမ်ား၏

ေဟာေျပာမႈအစီအစဥ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ဦးသန္းေဌးကေျပာၾကားရာတြင္ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ႏိုင္ငံေတာ္ဆိုတဲ့အဖြဲ႕အစည္းႀကီးကေနၿပီး ႏိုင္ငံသားတစ္ဦးခ်င္းဆီမွာပါေလးလံစြာက်ေရာက္ေနတဲ့ေႂကြးမွီ၀န္ထုပ္၀န္ပိုးကို

(တစ္ႏွစ္အတြင္း) ေလ်ာ့ခ်ႏိုင္ဖို႔ႀကိဳးပမ္းေဆာင္႐ြက္သြားမွာျဖစ္ပါတယ္”ဟု၎ကဆိုသည္။

ယခင္အစိုးရ ျပည္ပေႂကြးမွီ ၁၁ဘီလီယံသာ ျပန္လည္ေပးဆပ္ႏိုင္ေသာ္လည္း

ယခုအမ်ိဳးသားဒီမိုက‌ေရစီအဖြဲ႕ခ်ဳပ္ပါတီအစိုးရက ၁၃ဘီလီယံျပန္ဆပ္ႏိုင္ခဲ့ေၾကာင္းသိရသည္။

အစိုးရသက္တမ္း၄ႏွစ္ေက်ာ္ကာလအတြင္းျပည္ပေႂကြးမွီ US၁၃ဘီလီယံကိုျပန္ဆပ္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း

စက္တင္ဘာလအတြင္း စီမံကိန္း၊ဘ႑ာေရးႏွင့္ စက္မႈ၀န္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္အရသိရသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီအစိုးရလက္ထက္တြင္ ႏိုင္ငံတကာမွေႂကြးမွီရယူသုံးစြဲရာတြင္အတိုးႏႈန္းမ်ားသည္

တ႐ုတ္ေႂကြးမွီကို အဓိကေရွာင္ရွားခဲ့ေၾကာင္း စာရင္းစစ္ခ်ဳပ္ သတင္းစာရွင္းလင္းပြဲမွသိရသည္။

ေနေက်ာ္(Myanmar Harp)

naethitmyanmar

ပြည်ပအကြွေးများ တစ်နှစ်အတွင်း လျှော့စေရမည်ဟု ရဲရဲကြီးအာမခံလိုက်တဲ့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေး

၎င်းတို့အစိုးရဖြစ်ပါကပြည်ပကြွေးမှီများ တစ်နှစ်အတွင်းလျော့ကျအောင်ပြန်ဆပ်ပေးမည်ဟု

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးသန်းဌေးက မဲဆွယ်ပြောကြားသည့် မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

အောက်တိုဘာ၁၅ရက် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ နိုင်ငံရေးပါတီများ၏

ဟောပြောမှုအစီအစဉ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေးကပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်ဆိုတဲ့အဖွဲ့အစည်းကြီးကနေပြီး နိုင်ငံသားတစ်ဦးချင်းဆီမှာပါလေးလံစွာကျရောက်နေတဲ့ကြွေးမှီဝန်ထုပ်ဝန်ပိုးကို

(တစ်နှစ်အတွင်း) လျော့ချနိုင်ဖို့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု၎င်းကဆိုသည်။

ယခင်အစိုးရ ပြည်ပကြွေးမှီ ၁၁ဘီလီယံသာ ပြန်လည်ပေးဆပ်နိုင်သော်လည်း

ယခုအမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီအစိုးရက ၁၃ဘီလီယံပြန်ဆပ်နိုင်ခဲ့ကြောင်းသိရသည်။

အစိုးရသက်တမ်း၄နှစ်ကျော်ကာလအတွင်းပြည်ပကြွေးမှီ US၁၃ဘီလီယံကိုပြန်ဆပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း

စက်တင်ဘာလအတွင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရလက်ထက်တွင် နိုင်ငံတကာမှကြွေးမှီရယူသုံးစွဲရာတွင်အတိုးနှုန်းများသည်

တရုတ်ကြွေးမှီကို အဓိကရှောင်ရှားခဲ့ကြောင်း စာရင်းစစ်ချုပ် သတင်းစာရှင်းလင်းပွဲမှသိရသည်။

နေကျော်(Myanmar Harp)

naethitmyanmar