ေဒါက္တာဉာဏ္တစ္ေယာက္ ဟြာဟင္းကမ္းေျခမွာ ဇိမ္က်ေနတုန္း စကၤာပူကအမႀကီးက ဖုန္းဆက္လာတယ္။

သူကပုံမွန္ စာပဲေရးေလ့ရွိတာ ဖုန္းဆက္လာၿပီဆို တစ္ေယာက္ေယာက္ ေနမေကာင္းၿပီပဲ။ သူ႔ဖုန္းၾကားလၽွင္ ရင္အျမဲတုန္ရသည္။

သူကလည္းသူေရးသမၽွ စာေတြမဖတ္မွန္းသိေတာ့ အေရးႀကီးၿပီဆို ဖုန္းတန္းဆက္ေလ့ရွိတယ္။ ဟဲလိုဆိုၿပီး အသံကိုဆြဲၿပီး ဇိမ္က်ပ်င္းရိေနတဲ့အသံနဲ႔ ထူးလိုက္တယ္။

ဟဲ့ တိတိ (တ႐ုတ္လို ေမာင္ေလးေပါ့) နင့္တူတစ္ေယာက္ ဖ်ားေနတယ္ ေဩာ္ ဟုတ္လား ဒါမ်ား ပါရာတိုက္ ေခ်ာင္းလည္းဆိုးေနတယ္

ငင့္ ေဒါက္တာဉာဏ္ ဒန္းေပၚမွာ ဇိမ္က်ေနတာကေန ထထိုင္ရၿပီ။ အာသီးလည္း ေရာင္တယ္။ ႏွာလည္းေခ်တယ္။

ဆက္ေျပာေတာ့ ေဘးနားခ်ထားတဲ့ ႏွာေခါင္းစည္းကိုေတာင္ ေရာင္ရမ္း ေကာက္ကိုင္မိတယ္။ ေနပါအူံး ဘယ္ႏွစ္ရက္ရွိၿပီလဲ။ မေန႔က ေခ်ာင္းစဆိုးတယ္ဒီေန႔ အဖ်ားတက္တယ္ ဟု ျပန္ေျဖသည္။

အဲဒီမတိုင္ခင္ ေက်ာင္းသြားလား ဘာေတြလုပ္လဲ ဆက္ေမးျဖစ္သည္။ ေက်ာင္းသြားတယ္ ဘက္စ္ကက္ေဘာ ေဆာ့တယ္တဲ့။ ဒုကၡပဲ ဟု စိတ္ထဲေတြးမိသည္။

ဒါဆို ပါရာေသာက္ၿပီး ေဆးခန္းတန္းသြားေတာ့ ကိုဗစ္ စစ္ရမယ္။ ႏွာေခါင္းစည္းလူတိုင္းတပ္ပါ အမတို႔လည္းတပ္ ၿပီးရင္ ဘာထူးလဲ အေၾကာင္းျပန္။

ဗီတာမင္ စီ ေရဆူေဆးျပား တစ္ေထာင္အား လူတိုင္းေသာက္ထား ဟုေျပာေတာ့ ေအးေအး ဆိုၿပီး ဖုန္းခ်သြားသည္။ ဇိမ္ပ်က္ေခ်၏ ညေနေစာင္း ဖုန္းျပန္ဆက္လာသည္။

ဗဆးခန္းက ဆရာဝန္က နင့္လိုပဲ အေသးစိတ္ထပ္ေမးၿပီး တို႔ဖတ္ယူထားလိုက္တယ္။ ၿပီးေတာ့ ေငြမရွင္းနဲ႔ေတာ့ ေျပစာ အိမ္ပို႔လိုက္မယ္။ တန္းျပန္ေတာ့ဆိုလို ျပန္လာၿပီ။

ငါဘာဆက္လုပ္ရမလဲဆိုေတာ့ ဟုမ္းကြာရန္တင္းခ်ရမယ္။ အခန္းခြဲထား စားစရာပန္းကန္ခြက္ခြဲထား ႏွာေခါင္းစည္းတပ္ပါလို႔ အလုပ္ေတြ ကိုလည္း အေၾကာင္းၾကားထားပါ။

အိမ္မွာ PUI တစ္ေယာက္ရွိေနၿပီ အမတို႔ပါ အခ်ိန္မေရြး ေလာ့ေဒါင္းျဖစ္သြားနိုင္တယ္ ဆိုေတာ့ ကိုယ့္အမ အသံမထြက္ေတာ့။ ေနာက္မွပို႔လာေတာ့ Home advice စာရြက္ ဖတ္ၾကည့္မိသည္။

ေရးထားတာ တို႔ဖတ္ယူၿပီး အိမ္တန္းျပန္ရန္ မလိုက္နာလၽွင္ ကူးစက္ဥပေဒအရ ေဒၚလာတစ္ေသာင္း ဒဏ္ေငြ (သို႔) ေထာင္ ၆ လ (သို႔) ဒဏ္ေငြ ၂ ရပ္စလုံး။

ျပန္လၽွင္ ကိုယ္ပိုင္ကား (သို႔) တက္ဆီသာစီးရန္။ အဲကြန္းပိတ္ ျပဴတင္းေပါက္ဖြင့္စီးရန္ ေျပစာယူရန္ အေပါင္းထြက္လၽွင္ တက္ဆီသမားပါ စစ္ရမည့္ပုံ။

အေပါင္း ထြက္ခဲ့လၽွင္ ၂ ရက္အတြင္း ဘာဆက္လုပ္ရမည္ဆိုၿပီး ဆရာဝန္မွ ဖုန္းဆက္လာမည္။ မစိုးရိမ္ရန္ အေျဖကို ၅ ရက္အတြင္း sms မွပို႔ေပးမည္။

အေရးေပၚ ျဖစ္လၽွင္ ဆက္ရမည့္ဖုန္း အိမ္မွာ ခြဲေနရန္ ခြဲစားရန္ လက္ေဆးရန္ ႏွာေခါင္းစည္းတပ္ရန္ စသည္ျဖင့္ စုံစုံေစ့ေစ့ ေရးထားသည္။

အိမ္သားေတြ အတြက္ ဘာမွာလဲဆိုေတာ့ အေျဖေပၚမူတည္ၿပီး ဆက္ေျပာမည္ဟုသာေျဖ၏တဲ့။ ဒီေတာ့ ကိုယ့္အမကို ေျပာလိုက္သည္။

အဲဒီအတိုင္းသာ လုပ္ေလ ဟုသာ ေျပာလိုက္သည္။ ေနာက္ရက္ ညေနက်ေတာ့ စာပို႔လာသည္ ၿပီးမွ ဖုန္းဆက္လာၿပီး တိတိေရ အႏုတ္တဲ့ဆိုေတာ့ေနာက္ထပ္ ဘယ္ေန႔ထပ္စစ္မလဲဆိုေတာ့

က်န္းမာေရးေကာင္းေနရင္ မစစ္ေတာ့ဘူးတဲ့။ လကၡဏာေတြ ဆိုးလာရင္ ဖုန္းဆက္ပါတဲ့ ဒါပဲေျပာတယ္ ဟုေျဖသည္။ ဘယ္ေလာက္က်လဲဆိုေတာ့ မသိဘူး သူ႔အေဖ ကုမၸဏီက ရွင္းေပးမယ္ေျပာတယ္တဲ့။

ဒီတစ္ခါ အသံအေတာ္က်ယ္သည္။ က်န္းမာေရး အာမခံေက်းဇူးေတြ အႏွစ္ခ်ဳပ္က တစ္ရက္တိတိ အခ်ိန္ၾကာသြားသည္ အဖ်ားလည္းက် အေျဖလည္းထြက္

တစ္မိသားစုလုံး အေနအစားမပ်က္ အားလုံးအိုေကမွာ စိုေျပ ကိုယ္ထင္တာေတာ့ ဒဏ္ေငြ ေဒၚလာတစ္သာင္းႏွင့္ ေထာင္ေျခာက္လ အေတာ္အစြမ္းထက္သည္။

PPE လည္းမလို Q စင္တာလည္းမလို လူနာတင္ကားလည္းမလို ထမင္းေကၽြးစရာလည္းမလို ကိုဗစ္ အေျဖေဒတာ ကလည္း ေဆာ့ဝဲလ္ကေန တစ္ခါတည္း တန္းတက္သြားသည္။

ည ၈နာရီ ကို အမွီေရးရန္မလို ေဒါက္တာဉာဏ္လည္း အခုမွ ဇိမ္ျပန္က်ရေခ်သည္။

naethitmytanmar

ဒေါက်တာဉာဏ်တစ်ယောက် ဟွာဟင်းကမ်းခြေမှာ ဇိမ်ကျနေတုန်း စင်္ကာပူကအမကြီးက ဖုန်းဆက်လာတယ်။

သူကပုံမှန် စာပဲရေးလေ့ရှိတာ ဖုန်းဆက်လာပြီဆို တစ်ယောက်ယောက် နေမကောင်းပြီပဲ။ သူ့ဖုန်းကြားလျှင် ရင်အမြဲတုန်ရသည်။

သူကလည်းသူရေးသမျှ စာတွေမဖတ်မှန်းသိတော့ အရေးကြီးပြီဆို ဖုန်းတန်းဆက်လေ့ရှိတယ်။ ဟဲလိုဆိုပြီး အသံကိုဆွဲပြီး ဇိမ်ကျပျင်းရိနေတဲ့အသံနဲ့ ထူးလိုက်တယ်။

ဟဲ့ တိတိ (တရုတ်လို မောင်လေးပေါ့) နင့်တူတစ်ယောက် ဖျားနေတယ် ေဩာ် ဟုတ်လား ဒါများ ပါရာတိုက် ချောင်းလည်းဆိုးနေတယ်

ငင့် ဒေါက်တာဉာဏ် ဒန်းပေါ်မှာ ဇိမ်ကျနေတာကနေ ထထိုင်ရပြီ။ အာသီးလည်း ရောင်တယ်။ နှာလည်းချေတယ်။

ဆက်ပြောတော့ ဘေးနားချထားတဲ့ နှာခေါင်းစည်းကိုတောင် ရောင်ရမ်း ကောက်ကိုင်မိတယ်။ နေပါအူံး ဘယ်နှစ်ရက်ရှိပြီလဲ။ မနေ့က ချောင်းစဆိုးတယ်ဒီနေ့ အဖျားတက်တယ် ဟု ပြန်ဖြေသည်။

အဲဒီမတိုင်ခင် ကျောင်းသွားလား ဘာတွေလုပ်လဲ ဆက်မေးဖြစ်သည်။ ကျောင်းသွားတယ် ဘက်စ်ကက်ဘော ဆော့တယ်တဲ့။ ဒုက္ခပဲ ဟု စိတ်ထဲတွေးမိသည်။

ဒါဆို ပါရာသောက်ပြီး ဆေးခန်းတန်းသွားတော့ ကိုဗစ် စစ်ရမယ်။ နှာခေါင်းစည်းလူတိုင်းတပ်ပါ အမတို့လည်းတပ် ပြီးရင် ဘာထူးလဲ အကြောင်းပြန်။

ဗီတာမင် စီ ရေဆူဆေးပြား တစ်ထောင်အား လူတိုင်းသောက်ထား ဟုပြောတော့ အေးအေး ဆိုပြီး ဖုန်းချသွားသည်။ ဇိမ်ပျက်ချေ၏ ညနေစောင်း ဖုန်းပြန်ဆက်လာသည်။

ဗဆးခန်းက ဆရာဝန်က နင့်လိုပဲ အသေးစိတ်ထပ်မေးပြီး တို့ဖတ်ယူထားလိုက်တယ်။ ပြီးတော့ ငွေမရှင်းနဲ့တော့ ပြေစာ အိမ်ပို့လိုက်မယ်။ တန်းပြန်တော့ဆိုလို ပြန်လာပြီ။

ငါဘာဆက်လုပ်ရမလဲဆိုတော့ ဟုမ်းကွာရန်တင်းချရမယ်။ အခန်းခွဲထား စားစရာပန်းကန်ခွက်ခွဲထား နှာခေါင်းစည်းတပ်ပါလို့ အလုပ်တွေ ကိုလည်း အကြောင်းကြားထားပါ။

အိမ်မှာ PUI တစ်ယောက်ရှိနေပြီ အမတို့ပါ အချိန်မရွေး လော့ဒေါင်းဖြစ်သွားနိုင်တယ် ဆိုတော့ ကိုယ့်အမ အသံမထွက်တော့။ နောက်မှပို့လာတော့ Home advice စာရွက် ဖတ်ကြည့်မိသည်။

ရေးထားတာ တို့ဖတ်ယူပြီး အိမ်တန်းပြန်ရန် မလိုက်နာလျှင် ကူးစက်ဥပဒေအရ ဒေါ်လာတစ်သောင်း ဒဏ်ငွေ (သို့) ထောင် ၆ လ (သို့) ဒဏ်ငွေ ၂ ရပ်စလုံး။

ပြန်လျှင် ကိုယ်ပိုင်ကား (သို့) တက်ဆီသာစီးရန်။ အဲကွန်းပိတ် ပြူတင်းပေါက်ဖွင့်စီးရန် ပြေစာယူရန် အပေါင်းထွက်လျှင် တက်ဆီသမားပါ စစ်ရမည့်ပုံ။

အပေါင်း ထွက်ခဲ့လျှင် ၂ ရက်အတွင်း ဘာဆက်လုပ်ရမည်ဆိုပြီး ဆရာဝန်မှ ဖုန်းဆက်လာမည်။ မစိုးရိမ်ရန် အဖြေကို ၅ ရက်အတွင်း sms မှပို့ပေးမည်။

အရေးပေါ် ဖြစ်လျှင် ဆက်ရမည့်ဖုန်း အိမ်မှာ ခွဲနေရန် ခွဲစားရန် လက်ဆေးရန် နှာခေါင်းစည်းတပ်ရန် စသည်ဖြင့် စုံစုံစေ့စေ့ ရေးထားသည်။

အိမ်သားတွေ အတွက် ဘာမှာလဲဆိုတော့ အဖြေပေါ်မူတည်ပြီး ဆက်ပြောမည်ဟုသာဖြေ၏တဲ့။ ဒီတော့ ကိုယ့်အမကို ပြောလိုက်သည်။

အဲဒီအတိုင်းသာ လုပ်လေ ဟုသာ ပြောလိုက်သည်။ နောက်ရက် ညနေကျတော့ စာပို့လာသည် ပြီးမှ ဖုန်းဆက်လာပြီး တိတိရေ အနုတ်တဲ့ဆိုတော့နောက်ထပ် ဘယ်နေ့ထပ်စစ်မလဲဆိုတော့

ကျန်းမာရေးကောင်းနေရင် မစစ်တော့ဘူးတဲ့။ လက္ခဏာတွေ ဆိုးလာရင် ဖုန်းဆက်ပါတဲ့ ဒါပဲပြောတယ် ဟုဖြေသည်။ ဘယ်လောက်ကျလဲဆိုတော့ မသိဘူး သူ့အဖေ ကုမ္ပဏီက ရှင်းပေးမယ်ပြောတယ်တဲ့။

ဒီတစ်ခါ အသံအတော်ကျယ်သည်။ ကျန်းမာရေး အာမခံကျေးဇူးတွေ အနှစ်ချုပ်က တစ်ရက်တိတိ အချိန်ကြာသွားသည် အဖျားလည်းကျ အဖြေလည်းထွက်

တစ်မိသားစုလုံး အနေအစားမပျက် အားလုံးအိုကေမှာ စိုပြေ ကိုယ်ထင်တာတော့ ဒဏ်ငွေ ဒေါ်လာတစ်သာင်းနှင့် ထောင်ခြောက်လ အတော်အစွမ်းထက်သည်။

PPE လည်းမလို Q စင်တာလည်းမလို လူနာတင်ကားလည်းမလို ထမင်းကျွေးစရာလည်းမလို ကိုဗစ် အဖြေဒေတာ ကလည်း ဆော့ဝဲလ်ကနေ တစ်ခါတည်း တန်းတက်သွားသည်။

ည ၈နာရီ ကို အမှီရေးရန်မလို ဒေါက်တာဉာဏ်လည်း အခုမှ ဇိမ်ပြန်ကျရချေသည်။

naethitmytanmar