unicode
ဒီအဖြစ်အပျက်လေးက social media ပေါ်မှာအတော်လေး ရေပန်းစားနေပြီး ထိုင်းနိုင်ငံက လေဆိပ်တစ်ခုမှာဖြစ်ပျက်ခဲ့တာပါ ။
ထူးထူးဆန်းဆန်း ခရီးဆောင်အိတ်ကြောင့် ရုတ်တရက်ကြည့်လိုက်တာနဲ့
တကယ့်လူသေအလောင်းကို ထုပ်ပိုးထားသလိုဖြစ်နေလို့ ခရီးသည်တွေ အတော်လေးထိတ်လန့်ခဲ့ကြပါတယ် ။
ဒါပေမဲ့ အမှန်တကယ်တော့ လူအသုံးအဆောင် အိတ်တစ်ခုသတ်သတ်တာ ဖြစ်ပါတယ် ။
အိတ်နဲ့ အထဲကပါရှိတဲ့ ပစ္စည်းတွေ မထိခိုက်အောင် ထုတ်ပိုးထားလို့ လူသေအလောင်းပုံစံဖြစ်နေခဲ့တာပါ ။
ဓာတ်ပုံကို ကြည့်ရှုခဲ့ကြပြီးနောက် လူအတော်အများက ဂေါက်ရိုက်တံထည့်တဲ့ အိတ်ဖြစ်နိုင်ကြောင်း မျိုးစုံထင်မြင်ချက် ပေးလျက်ရှိပါတယ်