ပုသိမ္ၿမိဳ႕မွာ လူကုန္ကူးမႈနဲ႔ ထြက္ေျပး တိမ္းေရွာင္ေနတဲ့ဘုန္းႀကီး သတင္းသုံးေနထိုင္ခဲ့တဲ့

သာသနာ့ ဓမၼဂုဏ္ရည္ေက်ာင္းကို သက္ဆိုင္ရာက ဒီကေန႔ေန႔လယ္ကပဲ ခ်ိတ္ပိတ္ခဲ့ပါတယ္။

တိုင္းသံဃာနယက အဖြဲ႕ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ ေက်ာင္းတိုက္အတြင္းမွာ မလိုလားအပ္တဲ့ ျပႆနာေတြမျဖစ္ဖို႔

အခုလို ေဆာင္႐ြက္တာျဖစ္တယ္လို႔ ၿမိဳ႕နယ္သံဃနာယက အဖြဲ႕အက်ိဳးေတာ္ေဆာင္ ဆရာေတာ္ဦးဝိဇယက မိန႔္ပါတယ္။

“တိုင္းသံဃာအဖြဲ႕အစုံ ဆုံးျဖတ္ခ်က္နဲ႔ အခုလိုလုပ္တာ၊ ဘယ္သူ႔ကိုမွသာေစ၊နာေစ သေဘာမဟုတ္ဘူး ၊

မလိုလားအပ္တဲ့ ျပႆနာေတြျဖစ္မွာစိုးလို႔ အခ်ိန္တစ္ခုထိပဲ ပိတ္တာ၊

ဒကာ၊ ဒကာမေတြကိုလည္း ရွင္းျပထားတယ္”လို႔ ဆရာေတာ္ဦးဝိဇယကမိန႔္ပါတယ္။

အခုလက္ရွိ ေက်ာင္းတိုက္အတြင္းမွာ သံဃာ၃ပါးနဲ႔ သီလရွင္၂ပါးသီတင္းသုံးေနထိုင္ၿပီး

အခုလို ခ်ိတ္ပိတ္တဲ့အတြက္ အခက္အခဲေတြရွိေနတယ္လို႔ သိရပါတယ္။

ပန္းဆက္ရပ္ကြက္မွာ ဘုန္းႀကီးေက်ာင္း ၈ ေက်ာင္းရွိတာေၾကာင့္ လတ္တေလာ ေက်ာင္းကသံဃာေတြကို

ေနရာခ်ထားဖို႔ စီစဥ္ထားတယ္လို႔ ေက်ာင္းအက်ိဳးေတာ္ေဆာင္ တစ္ဦးကေျပာပါတယ္။

“ၿမိဳ႕နယ္က ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးကို တာဝန္ေပးတယ္ေပါ့၊ ရပ္ကြက္ေတြကေက်ာင္းေတြမွာခြဲထားဖို႔

ဒီေက်ာင္းက ရပ္ကြက္စကတည္းက ေဆာက္ခဲ့တဲ့ေက်ာင္းဆိုေတာ့ အခုလိုခ်ိတ္ပိတ္ခံရတာ စိတ္မေကာင္းဘူး”လို႔

ေက်ာင္းအက်ိဳးေတာ္ေဆာင္ ဦးဝဏၰကေျပာပါတယ္။

ဒီဇင္ဘာ၂၄ရက္ေန႔က ျပည္ၿမိဳ႕မွာ သာသနာ့ဓမၼဂုဏ္ရည္တံဆိပ္နဲ႔ ကားတစ္စီး ဘီးေပါက္သြားခဲ့ၿပီး

လူေတြသြားၾကည့္ရာ ကားထဲမွာ ႏိုင္ငံသားအေထာက္အထားမဲ့သူ (၁၃)ဦးကို ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ဘုန္းႀကီးနဲ႔ ယာဥ္ေမာင္းကေတာ့ ထြက္ေျပးသြားခဲ့တာလည္းျဖစ္ပါတယ္။

အဲဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီးစုံစမ္းရာကေန ပုသိမ္ၿမိဳ႕၊အမွတ္(၁၄)ရပ္ကြက္၊

သာသနာ့ဓမၼာ့ဂုဏ္ရည္ေက်ာင္းတိုက္က ေက်ာင္းထိုင္ဆရာေတာ္နဲ႔ အမ်ိဳးသားတစ္ဦး ျဖစိတယ္လို႔သိရၿပီး

အခုခ်ိန္ထိ ဖမ္းဆီးရမိတာ မရွိေသးတာျဖစ္ပါတယ္။

unicode

ပုသိမ်မြို့မှာ လူကုန်ကူးမှုနဲ့ ထွက်ပြေး တိမ်းရှောင်နေတဲ့ဘုန်းကြီး သတင်းသုံးနေထိုင်ခဲ့တဲ့

သာသနာ့ ဓမ္မဂုဏ်ရည်ကျောင်းကို သက်ဆိုင်ရာက ဒီကနေ့နေ့လယ်ကပဲ ချိတ်ပိတ်ခဲ့ပါတယ်။

တိုင်းသံဃာနယက အဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ ကျောင်းတိုက်အတွင်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်ဖို့

အခုလို ဆောင်ရွက်တာဖြစ်တယ်လို့ မြို့နယ်သံဃနာယက အဖွဲ့အကျိုးတော်ဆောင် ဆရာတော်ဦးဝိဇယက မိန့်ပါတယ်။

“တိုင်းသံဃာအဖွဲ့အစုံ ဆုံးဖြတ်ချက်နဲ့ အခုလိုလုပ်တာ၊ ဘယ်သူ့ကိုမှသာစေ၊နာစေ သဘောမဟုတ်ဘူး ၊

မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်မှာစိုးလို့ အချိန်တစ်ခုထိပဲ ပိတ်တာ၊

ဒကာ၊ ဒကာမတွေကိုလည်း ရှင်းပြထားတယ်”လို့ ဆရာတော်ဦးဝိဇယကမိန့်ပါတယ်။

အခုလက်ရှိ ကျောင်းတိုက်အတွင်းမှာ သံဃာ၃ပါးနဲ့ သီလရှင်၂ပါးသီတင်းသုံးနေထိုင်ပြီး

အခုလို ချိတ်ပိတ်တဲ့အတွက် အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

ပန်းဆက်ရပ်ကွက်မှာ ဘုန်းကြီးကျောင်း ၈ ကျောင်းရှိတာကြောင့် လတ်တလော ကျောင်းကသံဃာတွေကို

နေရာချထားဖို့ စီစဉ်ထားတယ်လို့ ကျောင်းအကျိုးတော်ဆောင် တစ်ဦးကပြောပါတယ်။

“မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တာဝန်ပေးတယ်ပေါ့၊ ရပ်ကွက်တွေကကျောင်းတွေမှာခွဲထားဖို့

ဒီကျောင်းက ရပ်ကွက်စကတည်းက ဆောက်ခဲ့တဲ့ကျောင်းဆိုတော့ အခုလိုချိတ်ပိတ်ခံရတာ စိတ်မကောင်းဘူး”လို့

ကျောင်းအကျိုးတော်ဆောင် ဦးဝဏ္ဏကပြောပါတယ်။

ဒီဇင်ဘာ၂၄ရက်နေ့က ပြည်မြို့မှာ သာသနာ့ဓမ္မဂုဏ်ရည်တံဆိပ်နဲ့ ကားတစ်စီး ဘီးပေါက်သွားခဲ့ပြီး

လူတွေသွားကြည့်ရာ ကားထဲမှာ နိုင်ငံသားအထောက်အထားမဲ့သူ (၁၃)ဦးကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဘုန်းကြီးနဲ့ ယာဉ်မောင်းကတော့ ထွက်ပြေးသွားခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးစုံစမ်းရာကနေ ပုသိမ်မြို့၊အမှတ်(၁၄)ရပ်ကွက်၊

သာသနာ့ဓမ္မာ့ဂုဏ်ရည်ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်နဲ့ အမျိုးသားတစ်ဦး ဖြစိတယ်လို့သိရပြီး

အခုချိန်ထိ ဖမ်းဆီးရမိတာ မရှိသေးတာဖြစ်ပါတယ်။