မီတာ႐ုံးက လိမ္ညာၿပီး မီတာခေတြ ပိုေကာက္ထားတာကို သက္ေသေတြနဲ႔ ခ်ျပလိုက္တဲ့ ျပည္သူတဦး

ကြၽန္မတို႔ ႏိုင္ငံသားမ်ား လိမ္ညာမခံရေအာင္ ယခုေလာေလာဆယ္ ျဖစ္ေနေသာ

ကြၽန္မရဲ႕ကိုယ္ေတြ႕ အျဖစ္အပ်က္ကို အသိေပးတာပါ။

ကြၽန္မတို႔အိမ္တြင္ သုံးစြဲေနေသာ အိမ္သုံး လွ်ပ္စစ္ မီတာပုံးမ်ားကို ၿခံထိပ္တြင္ ထားရွိၿပီး

လစဥ္ လွ်ပ္စစ္႐ုံး ဝန္ထမ္းမ်ားသာ ဖတ္ၿပီ ေတာင္းခံသမွ်ကို က်မတို႔မွ မစစ္ေဆးမိပဲ

ဧရာဝတီဘဏ္တြင္ တပည့္မ်ားက သြားေရာက္ ေငြသြင္းေပးပါသည္။

ၿပီေနာက္ ထြက္လာသည့္ စလစ္ကို မီတာ႐ုံးတြင္ ျပန္လည္ တင္ျပမွသာ အေႂကြးကင္းေၾကာင္း စာ႐ြက္ ထုတ္ေပးပါသည္။

ေတာက္ေလွ်ာက္ ေဆာင္လာခဲ့သည္မွာ သုံးစြဲ ယူနစ္ ၃၀၀၀ ေက်ာ္၊တစ္ခါတရံ ယူနစ္ ၄၀၀၀ စြန္းစြန္း ျဖစ္သြားပါတယ္။

လစဥ္ က်ပ္၄သိန္းေက်ာ္၊ ၅ သိန္ေက်ာ္ အတြင္း ေဆာင္ရပါတယ္။

၁၁လပိုင္းမီတာခ ေတာင္းခံလႊာ ထဲမွာေတာ့ သုံးစြဲယူနစ္ (၆၀၀၀)ေက်ာ္ဟု ေျပာကာ

၇သိန္း၈ေသာင္း (၇၈၀၀၀၀)က်ပ္ေက်ာ္ ေဆာင္ရန္ ေငြေတာင္းခံလႊာ ေရာက္လာပါတယ္။

ကြၽန္မတို႔ ထူးၿပီး သုံးထားတာမရွိပဲ ယူနစ္ ၆၀၀၀ ေက်ာ္သုံးသည္ဟု ထြက္လာသည္မွာ

လြန္စြာ မွားယြင္းေနသည္ကို သိပါသျဖင့္ ဗဟန္းၿမိဳ႕နယ္ YESC ကိုျပန္လည္စစ္ေဆးေပးပါရန္

ယခင္အသုံးျပဳခဲ့သည့္ ၆လစာ ျဖတ္ပိုင္းမ်ားကိုပါသက္ေသ တင္ျပလိုက္သျဖင့္

ျပန္လည္ စစ္ေပးမည္ဟု ေျပာၿပီး ေလွ်ာက္လႊာကို လက္ခံထားပါသည္။

ေနာက္တစ္ႀကိမ္ မီတာလာ ဖတ္လွ်င္လည္း ကြၽန္မတို႔ အိမ္က လူတစ္ေယာက္ႏွင့္ အတူဖတ္ပါရန္ ဖုန္းနံပါတ္ပါေပးခဲ့ပါသည္။

သို႔ေသာ္ မည္သည့္ အေၾကာင္းျပန္ၾကားမႈမွမရွိပဲ ၃/၁/၂၁ ရက္ေန႔တြင္ အသစ္ ေကာက္ခံရန္

မီတာ လာဖတ္ၿပီးခ်ိန္ႏွင့္ တိုက္ဆိုင္စြာ ၿခံထိပ္နားသို႔ ကြၽန္မ ကိုယ္တိုင္ ေရာက္ရွိ သြားပါသျဖင့္

လာဖတ္သည့္ ဝန္ထမ္းကို ကြၽန္မမွစ၍ “ၿပီးခဲ့တဲ့လက ခေလးတို႔မွားဖတ္လို႔ ထင္တယ္။

အသုံးယူနစ္၆၀၀၀ေက်ာ္ သြားေတာ့ ၈ သိန္း နီးပါးက်လို႔ အန္တီတို႔ ျပန္စစ္ေဆးဖို႔တင္ထားတယ္လို႔ ကြၽန္မမွ ေျပာလိုက္ပါတယ္။

အဲ့ဒီမွာတင္ ထိုဝန္ထမ္းမွ အခုလလည္း ကြၽန္ေတာ္ဖတ္ၿပီးတာ ၆၀၀၀ ေက်ာ္ က်ေနတာပဲ။

ဒီမွာ မွတ္ထားၿပီးၿပီဆိုၿပီး သူယူလာတဲ့ ကဒ္ျပားေပၚမွာ ေရးထားၿပီးသား ေျပာပါတယ္။

ကြၽန္မကအရင္လက စၿပီး ဓါတ္ပုံ႐ိုက္ထားတာ ရွိတယ္။ မင္းဖတ္တာ ဘယ္ေလာက္ဆိုတာ အန္တီကိုအခုေျပာပါ။

အန္တီဖါသာ အေပါင္း အ ႏႈတ္ လုပ္မယ္လို႔လည္း ေျပာေရာ သူက မီတာပုံးကို ျပန္ၾကည့္ၿပီး နံပါတ္ေအာ္ေပးပါတယ္။

အရင္လက ေနာက္ဆုံးထြက္ထားတဲ့ နံပါတ္နဲ႔ အေပါင္းအႏႈတ္ လုပ္လိုက္တာ ၃၅၀၀ ယူနစ္ပဲ

သုံးထားတာသက္ေသနဲ႔တကြ က်မေရာ သူေရာ ေတြ႕သြားပါေတာ့တယ္။

၄ ရက္ေန႔ ပိတ္ရက္မို႔ဗဟန္း YESC ႐ုံးကို မသြားရပဲ ယေန႔ ၅ ရက္ေန႔မွ တင္ထားေသာ

စာအေၾကာင္း ထူးမထူး တပည့္ ျဖစ္သူက သြားေမးၾကည့္ေပးပါတယ္။

၁ ရက္ အသုံးျပဳ ယူနစ္အၾကမ္းဖ်င္း သိရေအာင္လည္း (၃)ရက္ေန႔ေန (၅)ရက္ေန႔ထိ

(၂)ရက္ကို ဓါတ္ပုံ႐ိုက္ၿပီး အေျဖ ထုတ္ၾကည့္ရာ အမွန္တကယ္ပင္ ကြၽန္မတို႔

အိမ္မွာတေန႔ ၁၀၀ ယူနစ္ပင္ မျပည့္ပဲ သုံးေနတာကို ေတြ႕ရပါတယ္။

ထပ္မံ၍ ဗဟန္းၿမိဳ႕နယ္ EPCမွ မီတာ စာ႐ြက္မ်ားယူ၍ ျပန္လာပါဆိုသျဖင့္တပည့္ ျဖစ္သူမွ ထပ္သြားရပါတယ္၊၊

ထိုအခါ အထက္ လူႀကီးဆိုသူမွ ယခင္လက သြားမဖတ္ပဲ မွန္း၍သာ ေတာင္းခံေတာ့နည္းေနတယ္ ထင္သည္ဟု ေျပာျပန္ပါတယ္။

၁၁ လပိုင္းကို ယခင္လ လက္က်န္ပါ ေပါင္းေကာက္တာျဖစ္မယ္လို႔ ျပန္ေျပာလာပါတယ္။

အဲ့လို ေကာက္ခ်င္တဲ့ အခ်ိန္ ေကာက္ခ်င္သလို ထပ္ေပါင္း ေကာက္လို႔ရပါသလား။

သူ႔ ဝန္ထမ္းဆိုသူကို ေခၚေမးေတာ့လည္း လစဥ္ မပ်က္မကြက္ ဖတ္ၿပီးမွသာ ေတာင္းခံတာျဖစ္ေၾကာင္း ထပ္ေျပာပါတယ္။

ယခု ျဖစ္စဥ္ကိုေတာ့ လုံးဝ လက္ခံရန္ မျဖစ္ႏိုင္ပါ။

တစ္ႏိုင္ငံလုံး ဤကဲ့သို႔ အလိမ္အညာ မခံရေစရန္ အသိေပးလိုက္ပါတယ္။

YESC ေသခ်ာစြာ ေက်းနပ္သည္ အထိ ရွင္းလင္း ေပးမွသာ လက္ခံပါမည္။

Tin Tin Htay

မီတာရုံးက လိမ်ညာပြီး မီတာခတွေ ပိုကောက်ထားတာကို သက်သေတွေနဲ့ ချပြလိုက်တဲ့ ပြည်သူတဦး

ကျွန်မတို့ နိုင်ငံသားများ လိမ်ညာမခံရအောင် ယခု လောလောဆယ် ဖြစ်နေသော

ကျွန်မရဲ့ ကိုယ်တွေ့ အဖြစ်အပျက်ကို အသိပေးတာပါ။

ကျွန်မတို့အိမ်တွင် သုံးစွဲနေသော အိမ်သုံး လျှပ်စစ် မီတာပုံးများကို ခြံထိပ်တွင် ထားရှိပြီး

လစဉ် လျှပ်စစ်ရုံး ဝန်ထမ်းများသာ ဖတ်ပြီ တောင်းခံသမျှကို ကျမတို့မှ မစစ်ဆေးမိပဲ

ဧရာဝတီဘဏ်တွင် တပည့်များက သွားရောက် ငွေသွင်းပေးပါသည်။

ပြီနောက် ထွက်လာသည့် စလစ်ကို မီတာရုံးတွင် ပြန်လည် တင်ပြမှသာ အကြွေးကင်းကြောင်း စာရွက် ထုတ်ပေးပါသည်။

တောက်လျှောက် ဆောင်လာခဲ့သည်မှာ သုံးစွဲ ယူနစ် ၃၀၀၀ ကျော်၊တစ်ခါတရံ ယူနစ် ၄၀၀၀ စွန်းစွန်း ဖြစ်သွားပါတယ်။

လစဉ် ကျပ်၄သိန်းကျော်၊ ၅ သိန်ကျော် အတွင်း ဆောင်ရပါတယ်။

၁၁လပိုင်းမီတာခ တောင်းခံလွှာ ထဲမှာတော့ သုံးစွဲယူနစ် (၆၀၀၀)ကျော်ဟု ပြောကာ

၇သိန်း၈သောင်း (၇၈၀၀၀၀)ကျပ်ကျော် ဆောင်ရန် ငွေတောင်းခံလွှာ ရောက်လာပါတယ်။

ကျွန်မတို့ ထူးပြီး သုံးထားတာမရှိပဲ ယူနစ် ၆၀၀၀ ကျော်သုံးသည်ဟု ထွက်လာသည်မှာ

လွန်စွာ မှားယွင်းနေသည်ကို သိပါသဖြင့် ဗဟန်းမြို့နယ် YESC ကိုပြန်လည်စစ်ဆေးပေးပါရန်

ယခင်အသုံးပြုခဲ့သည့် ၆လစာ ဖြတ်ပိုင်းများကိုပါသက်သေ တင်ပြလိုက်သဖြင့်

ပြန်လည် စစ်ပေးမည်ဟု ပြောပြီး လျှောက်လွှာကို လက်ခံထားပါသည်။

နောက်တစ်ကြိမ် မီတာလာ ဖတ်လျှင်လည်း ကျွန်မတို့ အိမ်က လူတစ်ယောက်နှင့် အတူဖတ်ပါရန် ဖုန်းနံပါတ်ပါပေးခဲ့ပါသည်။

သို့သော် မည်သည့် အကြောင်းပြန်ကြားမှုမှမရှိပဲ ၃/၁/၂၁ ရက်နေ့တွင် အသစ် ကောက်ခံရန်

မီတာ လာဖတ်ပြီးချိန်နှင့် တိုက်ဆိုင်စွာ ခြံထိပ်နားသို့ ကျွန်မ ကိုယ်တိုင် ရောက်ရှိ သွားပါသဖြင့်

လာဖတ်သည့် ဝန်ထမ်းကို ကျွန်မမှစ၍ “ပြီးခဲ့တဲ့လက ခလေးတို့မှားဖတ်လို့ ထင်တယ်။

အသုံးယူနစ်၆၀၀၀ကျော် သွားတော့ ၈ သိန်း နီးပါးကျလို့ အန်တီတို့ ပြန်စစ်ဆေးဖို့တင်ထားတယ်လို့ ကျွန်မမှ ပြောလိုက်ပါတယ်။

အဲ့ဒီမှာတင် ထိုဝန်ထမ်းမှ အခုလလည်း ကျွန်တော်ဖတ်ပြီးတာ ၆၀၀၀ ကျော် ကျနေတာပဲ။

ဒီမှာ မှတ်ထားပြီးပြီဆိုပြီး သူယူလာတဲ့ ကဒ်ပြားပေါ်မှာ ရေးထားပြီးသား ပြောပါတယ်။

ကျွန်မကအရင်လက စပြီး ဓါတ်ပုံရိုက်ထားတာ ရှိတယ်။ မင်းဖတ်တာ ဘယ်လောက်ဆိုတာ အန်တီကိုအခုပြောပါ။

အန်တီဖါသာ အပေါင်း အ နှုတ် လုပ်မယ်လို့လည်း ပြောရော သူက မီတာပုံးကို ပြန်ကြည့်ပြီး နံပါတ်အော်ပေးပါတယ်။

အရင်လက နောက်ဆုံးထွက်ထားတဲ့ နံပါတ်နဲ့ အပေါင်းအနှုတ် လုပ်လိုက်တာ ၃၅၀၀ ယူနစ်ပဲ

သုံးထားတာသက်သေနဲ့တကွ ကျမရော သူရော တွေ့သွားပါတော့တယ်။

၄ ရက်နေ့ ပိတ်ရက်မို့ဗဟန်း YESC ရုံးကို မသွားရပဲ ယနေ့ ၅ ရက်နေ့မှ တင်ထားသော

စာအကြောင်း ထူးမထူး တပည့် ဖြစ်သူက သွားမေးကြည့်ပေးပါတယ်။

၁ ရက် အသုံးပြု ယူနစ်အကြမ်းဖျင်း သိရအောင်လည်း (၃)ရက်နေ့နေ (၅)ရက်နေ့ထိ

(၂)ရက်ကို ဓါတ်ပုံရိုက်ပြီး အဖြေ ထုတ်ကြည့်ရာ အမှန်တကယ်ပင် ကျွန်မတို့

အိမ်မှာတနေ့ ၁၀၀ ယူနစ်ပင် မပြည့်ပဲ သုံးနေတာကို တွေ့ရပါတယ်။

ထပ်မံ၍ ဗဟန်းမြို့နယ် EPCမှ မီတာ စာရွက်များယူ၍ ပြန်လာပါဆိုသဖြင့်တပည့် ဖြစ်သူမှ ထပ်သွားရပါတယ်၊၊

ထိုအခါ အထက် လူကြီးဆိုသူမှ ယခင်လက သွားမဖတ်ပဲ မှန်း၍သာ တောင်းခံတော့နည်းနေတယ် ထင်သည်ဟု ပြောပြန်ပါတယ်။

၁၁ လပိုင်းကို ယခင်လ လက်ကျန်ပါ ပေါင်းကောက်တာဖြစ်မယ်လို့ ပြန်ပြောလာပါတယ်။

အဲ့လို ကောက်ချင်တဲ့ အချိန် ကောက်ချင်သလို ထပ်ပေါင်း ကောက်လို့ရပါသလား။

သူ့ ဝန်ထမ်းဆိုသူကို ခေါ်မေးတော့လည်း လစဉ် မပျက်မကွက် ဖတ်ပြီးမှသာ တောင်းခံတာဖြစ်ကြောင်း ထပ်ပြောပါတယ်။

ယခု ဖြစ်စဉ်ကိုတော့ လုံးဝ လက်ခံရန် မဖြစ်နိုင်ပါ။

တစ်နိုင်ငံလုံး ဤကဲ့သို့ အလိမ်အညာ မခံရစေရန် အသိပေးလိုက်ပါတယ်။

YESC သေချာစွာ ကျေးနပ်သည် အထိ ရှင်းလင်း ပေးမှသာ လက်ခံပါမည်။

Tin Tin Htay