
Lifestyle







naethitmyanmar

စိတ်ညစ်စရာတွေ ရှိနေလား!!!အနည်းဆုံးတော့ ပြုံးထားပါ ……
စိတ်ညစ်စရာတွေက လူတိုင်းမှာ ရှိကြပါတယ် ။

နည်းနည်း စိတ်ညစ်ရတာနဲ့ ……များများစိတ်ညစ်နေရတာပဲ ကွာတာပါ ။
ကိုယ်စိတ်ညစ်နေတာကြည့်ပြီး ကိုယ့်ရဲ့ အရင်းနှီးဆုံး လူတွေပါ
စိတ်ညစ်နေရတာထက် စာရင် ကိုယ့်အပြုံးကို မြင်ရပြီး ……စိတ်ချမ်းသာစေလိုက်ပါ….

စိတ်ဆင်းရဲစရာတွေ ရှိနေလား!!!အနည်းဆုံးတော့ ပြုံးထားပါ ။
ကိုယ့်စိတ်ဆင်းရဲမှုတွေကို တစ်စိမ့်စိမ့်တွေးပြီး ……
ကိုယ့်စိတ်ကို ပိုနှိပ်စက်နေတာထက်စာရင် ……
ကိုယ့်အပြုံးကို ကြည့်ပြီး စိတ်ချမ်းသာမှု ယူလိုက်ပါ ။

ဝမ်းနည်းစရာတွေလား!!!နေ့စဉ်ကြုံတွေ့နေရတာမျိုး မဟုတ်တာက လွဲရင် ……
လူတိုင်းကြုံ နေကြပဲလေ ……ဒါကြောင့် ဝမ်းနည်းစရာတွေ တွေးနေမဲ့အစား ……
စိတ်ချမ်းသာစရာတွေ စိတ်ကူးယဉ်ပြီး ပြုံးနေလိုက်ပါ ။

စိတ်ဓာတ်ကျနေလား!!!လူတိုင်းအနည်းနဲ့အများ စိတ်ဓာတ်ကျနေကြမို့ ……
မထူးဆန်းတဲ့ သဘောပဲလေ ……အဲ့ဒါကိုပဲ အထူးအဆန်းလုပ်ပြီး ……
ကိုယ့်စိတ်ကို နှိပ်စက်နေမဲ့ အစား ……မနက်ဖြန်မှာ ဆိုတဲ့ အတွေးနဲ့ ပြုံးနေလိုက်ပါ ။

ဝေဖန်ပြောဆိုမှု ပုတ်ခတ်စွပ်စွဲမှုတွေကြားမှာ……မျက်ရည်စက်လက် ဖြစ်နေတာလား!!!
ပြုံးပြုံးလေး ရင်ဆိုင်လိုက်ပါ ။သူတို့တွေ ဘယ်လောက်ကြာကြာ……နေ့တိုင်း ပြောနေနိုင်မလဲ ……
အချိန်တန်ရင်တော့ ပါးစပ်တွေအလိုလို ပိတ်သွားကြမှာပါ ။

naethitmyanmar